Sunday, September 16, 2018

Toleration သည်းခံခြင်း၊ လက်ခံခြင်း၊ နားလည်မှု


Toleration ဆိုတာ လက်တင်ဝေါဟာရ tolerare မှဆင်းသက်လာပီး သည်းခံခြင်း၊
လက်ခံခြင်း၊ နားလည်မှု ပေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။
အခြားတပါးသူတို့ရဲ့ ယုံကြည်သက်ဝင်မှုတွေ၊ ဓလေ့ထုံးစံတွေ၊ အပြုအမူဟာ
မိမိတို့ ယုံကြည်လက်ခံထားတွေနဲ့ မကိုက်ညီနေရင်တောင် လက်ခံပေးတဲ့သဘောပါ။ မိမိက အားကြီး ပါဝါကြီးနေရင်တောင်မကန့်သတ်၊
မထိန်းချုပ်ရတဲ့သဘောပါ၊ လွယ်အောင်ပြောရရင် မိဘကသားသမီး တွေရဲ့ ပြောမှားဆိုမှား၊ လုပ်မှားကိုင်မှားတွေကို ခွင့်လွတ်ရတယ်။ ယမိတ်ဆွေတယောက်က မိတ်ဆွေတယောက်ရဲ့ အားနည်းချက်ကို နားလည်ပေးရတယ်။
ရှင်ဘုရင်ကရန်သူသုံပန်းကို ခွင့်လွှတ်ပေးရတယ်။ ဘာသာရေးဝတ်ကျောင်းတော်တော်တွေက ယလိင်တူချစ်သူတွေကို သည်းခံပေးရတယ်။
နိုင်ငံတော်က လူနည်စုတွေရဲ့ ဘာသာဓလေ့
ယဉ်ကျေးမှုတွေကို အသိမှတ်ပြု လက်ခံ ပေးရတယ်။ လူ့အဖွဲအစည်းက လူတချို့ရဲ့
အပြုအမူတွေကို သည်းခံပေးရတယ်။ ဒါတွေက Toleration ဆိုတဲ့ သည်းခံပေးခြင်း၊ နားလည်လက်ခံပေးခြင်း သဘောတွေပါပဲ။
Stanford Encyclopedia of Philosophy မှာ Toleration ကို အယူအဆလေးမျိုးခွဲပြပါတယ်။
၁) ခွင့်လွှတ်ခြင်း၊ခွင့်ပြုခြင်း အယူအဆ(the permission conception)
ဒီအယူအဆက အာဏာပိုင်များနဲ့
ထောင်ထားခြားနားသူများကြား၊ လူများစုနဲ့လူနည်းစုများကြား ဆက်ဆံရေးကို အခြေခံထားတားပါ။ လူနည်းစုတွေက အာဏာပိုင်/လူများစုရဲ့လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ (Dominant Position) မျိုးကိုလက်ခံထားရပြီး၊ အပြန်လှန်အားဖြင့် လူနည်းစုတွေရဲ့ ယုံကြည်သက်ဝင်မှုနဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေကို အသိမှတ်မြုခွင့်ပြုထားခြင်းမျိုးပါ။ လူနည်းစုများအနေနဲ့ ပြည်သူ့
အခွင့်အရေး၊ နိုင်ငံရေးအခွင့်အရေးတွေကို တန်းတူညီမျှတောင်းဆိုခွင့်မရှိပါဘူး။
ထက်အောက် သဘောမျိုး ဖြစ်ပြီး၊ ကျားသနားမှနွားချမ်းသာရမယ့် အခြေအနေမျိုးပါ၊။ ထိပါးရင် ပါမစ်ရှင်ရချင်မှရမှာပါ။
၂) အတူယှဉ်တွဲနေထိုင်ခြင်းအယူအဆ (the coexistence conception)
အာဏာပိုင် အာဏာမဲ့၊ လူများစု လူနည်းစု ထက်အောက်ဆက်ဆံရေးမျိုးမဟုတ်ပဲ၊ ပါဝါတူ၊ အင်အားတူ အစုဖွဲ့များကြားဆက်ဆံမှု ဘေးတိုက်ပုံစံဖြစ်ပါတယ်။ အတူယှဉ်တွဲနေထိုင်ခြင်း အယူအဆဟာ ပဋိပက္ခများ ရှောင်ရှားပီး၊ မိမိတို့အစု၏ အကျိုးစီးပွားဖြစ်ထွန်းမှုကို ဖေါ်ဆောင်ဖို့ရာ အကောင်းဆုံးနည်းလမ်းတခုဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခြင်း၊
အပြန်အလှန်ညှိနိုင်းအဖြေရှာခြင်းဖြင့် အစုဖွဲများကြား ဟန်ချက်ညီမျှမူ ကိုရှာဖွေတာပါ။ ဒီအခြေအနေမှာ တဖွဲ့ နဲ့တဖွဲ့၊ တစုနဲ့တစု အပြန်အလှန်မလွှမ်းမိုး၊မချုပ်ချယ်ဘူးဆိုတဲ့ ယုံကြည်မူ မျိုးတော့ရှိနေ ဖို့လိုပါလိမ့်မယ်။
၃) လေးစားမှုပြုခြင်း အယူအဆ (the respect conception)
ဒီအယူအဆကတော့ တဖက်နဲ့တဖက်၊ တစုနဲ့တစု အပြန်အလှန်စိတ်နဲ့ လေးစားအလေးထား အသိမှတ်ပြု နေထိုင်ခြင်းမျိုးပါ။
ဘဝနေထိုင်မှု ကောင်းမှု၊ဆိုးမှု ယုံကြည်မှုတွေ၊ ယှဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ၊ ကျင့်ဝတ် ဆိုင်ရာ တန်ဖိုးတွေ မည်မျှပင်ကွဲပြားစေကာမူ လူသားကျင့်ဝတ်နဲ့နိုင်ငံရေးဘဝမှာ အားလုံး သာတူညီမျှ ဖြစ်တယ်လို့ခံယူထားတာမျိုးပါ။ လူသားအားလုံးမှာ (အစုဖွဲ့ အသီးသီးမှာ) တူညီတဲ့ ရပိုင်ခွင့်များနဲ့ လွတ်လပ်မှု အခွင့်အရေးတွေရှိကြတယ်၊ သဘာဝသယံဇာတခွဲဝေမှုလည်း သာတူညီမျှဖြစ်ရမယ်။ မည်သည့် လူမျိုး၊ မည်သည့် ကျင့်ဝတ်နှုန်းစံများကိုမှ မျက်နှာသားပေးစရာမလိုပဲ အားလုံးထက်ခံနိုင်သည့် နှုန်းစံတန်ဖိုးများနဲ့သာ လူမှုဘဝကို တည်ဆောက်နေထိုင်ကြမည်။ ဒီအယူအဆက လူမှုဘဝ၊နိုင်ငံရေး သာတူ ညီမျှ ဖြစ်မှုနဲ့အပြန်အလှန်လေးစား
ပေါင်းစည်းနေထိုင်မှု ဓလေ့ကိုဖေါ်ညွှန်းတဲ့
သဘောလည်းဖြစ်ပါတယ်။
၎) အထင်ကြီးလေးစားခြင်း အယူအဆ (the esteem conception)
အထင်ကြီးလေးစားမှုဆိုင်ရာ သည်းခံခြင်းအယူအဆဟာ အခြားတပါးသူ/အစုများအပေါ် သူတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ တန်ဖိုးနှုန်းစံများကို နာလည်လက်ခံပေးခြင်း၊ နိုင်ငံရေးအရ သာတူညီမျှဖြစ်ခြင်းတို့ကို အသိမှတ်ပြုပေး ရုံသာမကပဲ အခြားတပါးသူ/အစုများရဲ့ ကျင့်ဝတ်တန်ဖိုးများသည်ဆွဲဆောင်မှုရှိတယ်၊ လက်ခံစရာရှိသည်ဟု မှတ်ယူခြင်းဖြစ်ပါတယ်။ ဆိုလိုချင်တာက အခြားတပါးသူတို့ရဲ့ တန်ဖိုးထားမှု၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း များ ကိုသည်းခံနားလည်ပေးရုံသာမကပဲ၊ သူတို့ရဲ့ ကောင်းကွက်များကို တန်ဖိုးထားပေးခြင်း၊ လေးစားပေးခြင်း တို့ပဲဖြစ်ပါတယ်။
၅) လူတစ်ဦးနဲ့တစ်ဦး၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ ယဉ်ကျေးမှုတစ်ခုနဲ့တစ်ခု အထင်ကြီးလေးစားနိုင်ပါစေ

ရေးသားသူ
ဦးရဲထွဋ်

No comments:

Post a Comment