Sunday, September 16, 2018

CV ကောင်းတစ်ခု ရေးသားတဲ့ အခါ အဓိက ကျတဲ့ အချက်အနေဖြင့်…


(၁) #Look အသွင်အပြင်ဟာ အရေးကြီးပါတယ်
လူတစ်တယောက်ရဲ့ ကို စတွေ့တဲ့အချိန်မှာ အသွင်အပြင်ကို အကဲခတ်လေ့ရှိသလိုပါပဲ၊ cv ကောင်းတစ်ခုမှာ ဆိုရင်လည်း အသွင်အပြင်ဟာ အလွန်အရေးကြီးပါတယ်၊ အသွင်အပြင် လို့ပြောတဲ့နေရမှာ
- Font တွေ Spacing တွေက ဖတ်ရလွယ်ကူနေရမယ်၊
- Font တွေ Spacing တွေက consistant ဖြစ်နေရပါမယ်၊
- Bulletနဲ့ allignment တွေဟာ ညီနေရမယ်၊
- စာလုံးပေါင်းအလွဲတွေမဖြစ်စေရဘူး

(၂) #ProfileSummary လို့ ခေါ်တဲ့ ကိုယ်ရေးအကျဉ်းမိတ်ဆက်လေးပါရမယ်၊
Profile Summary ကိုယ်ရေးအကျဉ်းမိတ်ဆက်ဟာ ဖုန်းနံပါတ်တွေ၊ မှတ်ပုံတင်တွေ၊ လိပ်စာတွေ၊ အိမ်ထောင်ရှိမရှိ အခြေအနေတွေ ဖော်ပြထားတဲ့ personal Data နဲ့ မဆိုင်သေးပါဘူး၊ cv ကို စဖတ်လိုက်တဲ့သူ ရဲ့ မျက်လုံးထဲမှာ ချက်ချင်း ကိုယ်ဘယ်လိုလူမှန်း သိသွားစေဖို့ မိမိလုပ်ဖူး၊လုပ်နေ၊ ဘာဆက်လုပ်မယ့် အလုပ် အကိုင်နယ်ပယ်နဲ့ အကြောင်းအရာကို ကိုယ်ရဲ့ ကိုယ်ပိုင် ဝိသေသ၊ ထူးခြားချက်၊ အရည်အသွေးများနဲ့ ယှဉ်တွဲဖော်ပြထားရမယ့် ဖော်ပြချက်အတိုလေးပါပဲ၊ ဥပမာ…
“Research manager with 5 years’ experience leading Social Sciences research programmes in ,,,,,,, Group following career in academic research now seeks project management role in higher education, research institute or public body."
“A highly-skilled mechanical engineer looking to resume a position in industrial construction. Extremely knowledgeable with seven years industry experience ,who possesses a wide skill set, including condition-based maintenance, through working on automated systems on large-scale building projects. Looking to re-establish a career in a progressive organisation which requires engineer”
“A recent graduate with a 2:1 degree in Creative Writing from the University of Surrey seeking an entry-level position in copy writing. Having developed an excellent eye for detail due to the heavy demands of assignments and research and looking for a challenging, fast-paced environment within media to utilise my creative knowledge and develop my writing skill-set further”

(၃) နောက်တစ်ခုက #Grammar သဒ္ဒါပိုင်း မှန်ကန်မှုပါ
CVရဲ.တာဝန်တွေထဲကအဓိကတာဝန်က မိမိကိုယ့်ကိုရောင်းချမယ့် အချက်အလက်တင်ပြဖို့ ဖြစ်ပါတယ်။ ထို့အတွက် ဝေဆာဖို့အပြင် မှန်ကန်ဖို့ပါ အထူးဂရုပြုရပါမယ်၊ CVထဲက Language competency မှာ မိမိကိုယ့်ကို မိမိ Intermediate လို့သတ်မှတ်ဖော်ပြထားပေးမယ့် ကိုယ် ဂရုမပြုမိလို့ပဲဖြစ်စေ CVမှာပါတဲ့ အရေးအသား အသုံးအနှုန်းတွေမှာ ကလေးဆန်တဲ့ အမှားအယွင်းတွေပါလာခဲ့တဲ့အခါ ဒါ မလိုလားတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ပါတယ်၊နောက်တခုက Grammaticalအရ usage consistency ဖြစ်ရပါမယ်၊ အလုပ်အတွေ့အကြုံတွေကို တန်းစီရေးတယ်ဆိုပါစို့၊ Monitored the progress of the programme to determine the impact of ဘလာဘလာ ပေါ့ ပါမယ်၊ နောက်တစ်ကြောင်း I was responsible နဲ့ အစချီရင် မသင့်တော်ပါဘူး၊ အပေါ်က Verb Form နဲ့ စသလို ပဲ Be responsible ပဲ ဖြစ်ဖြစ် ပြန်သုံးရပါမယ်၊
နောက်တစ်ခုက မိမိကိုယ့်ကို ရောင်းချခြင်း ကိစ္စဖြစ်တဲ့အတွက် ကိုယ့်ကိုပိုင် ထူးခြားချက် အရည်အသွေးကို ကောင်းကောင်းမွန်မွန် ဖော်ထုတ်တင်ပြဖို့ သင့်လျော် adjective တွေကို သုံးတတ်ဖို့ လိုပါတယ်၊

(၄) #Verbiage အလွန်အကျွံ ဘာသာရပ်ဆန်တဲ့ ရှုပ်ထွေးတဲ့ စကားလုံးအသုံးအနှုန်းတွေ မဖြစ်စေရပါဘူး
များသောအားဖြင့် CV ကို ဖတ်ရှုအကဲဖြတ်မဲ့သူဟာ HR ကျွမ်းကျင်သူဖြစ်ပါတယ်၊ မည်သို့ပဲ ဘာသာရပ်(thematic) နယ်ပယ်ကို ရင်းနှီးပြီး အတွေ့အကြုံများသော HRဖြစ်ပါစေ မိမိ နယ်ပယ်မှာပဲ အသုံးများတဲ့ technical termsတွေကို CVဖတ်နေတဲ့ HRဟာ အမြဲတမ်း အကုန်သိလိမ့်မယ် ယူဆလို့ မရပါဘူး၊ ဒါ့ကြောင့်မို့ အတိုကောက် စကားလုံးတွေ၊ technical termsတွေအစား အားလုံးနားလည်ပြီး common terms တွေကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။

(၅) နောက်က #Flow ဟန် ပါ ၊
ဒါနေရာမှာ၊ ကိုယ်က education history နဲ့ work history/experience ကို ရေးသားတဲ့အခါမှာ လက်ရှိအချိန် ကနေ(present) ကနဦးအစ(beginning) ထိပြန်ရေးမှာလား၊ ဒါမှမဟုတ် beginning to present ထိ ရေးမှာလား၊ Formal ဟန်နဲ့ သမားရိုးကျ Format အတိုင်းရေးမှာလား၊ ဒါမှမဟုတ် Layout လေးတွေ အပြောင်းအလဲလေးတွေနဲ့ စကားလုံးလှလှပပ ကျစ်ကျစ်လစ်လစ်နဲ့ sexy ဖြစ်အောင် ရေးမှာလား စသဖြင့် စဉ်းစားရမှာ ဖြစ်ပါတယ်၊ မြန်မာပြည်မယ်ကတော့ Formal Format/Layoutအတိုင်း ရေးတာကိုပဲ အသုံးများ အတည်ယူကြပါတယ်၊

(၆) #Components of Formal CV writing CV မှာ ပါလေ့ရှိတဲ့ အချက်အလက်များပါ။
CV တစ်ခုမှာ ပါလေ့ရှိတဲ့ ပါနိုင်သမျှသော Components တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်၊ ဒါတွေကို ရေးတဲ့ အစီအစဉ်၊ ရေးပုံဟန်နဲ့ အကုန်ထည့်ရေးဖို့ လိုမလိုနဲ့ ဘယ်ဟာတွေကို ထည့်ဖို့ ဖြုတ်ဖို့ လိုမလိုကတော့ CV ကိုဘာအတွက် ဘယ်ကို ရေးတားလဲဆိုတဲ့ ရည်ရွယ်ချက် အပေါ်မှာ မူတည်ပြီး ကွဲပြားသွားပါလိမ့်မယ်၊ အရေးအကြီးဆုံးအချက်ကတော့ CV တစ်စောင်ဟာ ၄မျက်နှာထက် ပို မများသင့်ဘူး ဆိုတာပါပဲ၊ The less is better လို့တောင်လည်း တချို့တွေက recommend လုပ်ကြတဲ့အတွက် CV ရဲ့ ရည်ရွယ်ချက်အပေါ်မူတည်ပြီး ဖြုတ် လျှော့ ထည့် customized လုပ်ကို လုပ်ရပါမယ်။
၁။ Personal Data ကိုယ်ရေးအချက်အလက်၊
၂။ Profile Summary ကိုယ်ရေးအကျဉ်းမိတ်ဆက်၊
၃။ Personal Quality/Highlight of skills ကိုယ်ရေးကိုယ်သွေး(optional)၊
၎။ work experience အလုပ်အတွေ့အကြုံ ၊
၅။ Qualification/Edu Historyပညာအရည်အချင်း၊
၆။ Achievement အောင်မြင်မှု မှတ်တမ်း၊
၇။ သုတေသန/စေတနာ့ဝန်ထမ်းအတွေ့အကြုံ
၈။ နိုင်ငံတကာအတွေ့အကြုံ(ပညာ/အလုပ်)
၉။ Professional Membership ပရော်ဖက်ရှင်နယ် အဖွဲ့အစည်း အသင်းဝင်မှု( မြန်မာပြည်မှာ တချို့သော နယ်ပယ်များကို လွဲလို့ Prof Association သိပ်မရှိသေးတဲ့အတွက် ထည့်လေ့မရှိပေမယ့် နိုင်ငံတကာမှာတော့ အရေးပါ ပါတယ်)
၁၀။ Publication စာရေးသားထုတ်ဝေမှု( သုတေသန၊ ဘာသာရပ်)
၁၁။ References List ထောက်ခံသူ(optional/upon request)စသဖြင့် ပါပါတယ်၊
ဒါတွေကတော့ Professional CV တစ်စောင်ရေးသားဖို့ လိုတဲ့ အခြေခံ အချက်အလက်ပဲ ရှိပါသေးတယ်၊ တကယ့် ပြင်ပက Professional များရဲ့ CVများကို စံနမူနာထား လေ့လာကြည့်ရင်း ကိုယ်တိုင်ကိုယ်ကျ သင့်လျော်တဲ့ အသုံးအနှုန်းများ သုံးစွဲပြီး အမှန်တကယ် ရေးသားလေ့ကျင့်ကြည့်ဖို့လိုပါတယ်။ နောက်တစ်ခုက အလုပ် လျှောက်ထားတဲ့အခါ အရေးကြီးဆုံးနောက်တစ်ခုက Application Letter/cover letter ကိုပါ ကိုယ်တိုင် ထိထိမိမိမှန်မှန်ကန်ကန် ရေးသားနိုင်ဖို့ကလည်း အင်မတန်အရေးကြီးပါတယ်။

No comments:

Post a Comment