Sunday, September 16, 2018

Inclusiveness အားလုံးအကျူံးဝင်သော ပါဝင်မှု

အားလုံးအကျူံးဝင်သော ပါဝင်မှု (Inclusiveness) ဆိုတာကို မိတ်ဆွေ ဘယ်လိုခံစားနားလည်မိပါသလဲ
ProAct ရဲ့ Training Coordinator ဖြစ်တဲ့ မစုနန္ဒာလှိုင်ကတော့ သူ့ခံစားနားလည်မှုကို အခုလို မျှဝေထားပါတယ်
ထပ်ဖြည့်ပြီး ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပါတယ်
 💛 💜 💚
ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်တပ်တွေ ပဲရစ်မြို့အထိ သိမ်းလာပြီးမှ မဟာမိတ်တပ်မှုးက ပဲရစ်မြို့ပြင်မှာ တပ်ချပြီး နားတယ်။
အဲ့တော့ ပြင်သစ်သူပုန်တွေကဘာလို့ ဂျာမာန်တွေကို ဝင်မတိုက်တာလဲဆိုပြီး ကွန်ပလိန်းတက်တယ်။
အဲ့တော့ မဟာမိတ်တပ်မှုးက ဘာပြန်ပြောလဲဆိုတော့ ပဲရစ်မြို့သူမြို့သားတွေ ပုန်ကန်မယ့်အချိန်အထိစောင့်ရမယ်။ ဒါမှသာ ဒီလွတ်လပ်ရေးဟာ သူတို့တိုက်တဲ့လွတ်လပ်ရေးလို့ ယူဆပြီး တန်ဖိုးထားမယ် လို့ပြန်ပြောတယ်။
ဒါဟာ ပဲရစ်မြို့သူမြို့သားတွေ inclusive ဖြစ်လာအောင် သိမ်မွေ့ပါးနပ်စွာ ဖန်တီးပေးခဲ့တာပေါ့။
တစ်ခါတစ်လေကျရင် တစ်ချို့သောအလုပ်တွေကို မိမိလုပ်တာမဟုတ်ပဲ သူတို့လုပ်တာလို့ သူတို့ယုံကြည်နေတဲ့အထိ inclusive ဖြစ်အောင် ကိုယ်က သိမ်မွေ့စွာ ဖန်တီးပေးနိုင်ဖို့လိုတယ်။
ဒါဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းများစွာထဲက အရေးကြီးတဲ့အရည်အချင်းတစ်ခုပဲ။
.....
ဒါကတော့ မစုနန္ဒာက inclusiveness ကို ownership ကိုယ်ပိုင်ကိုယ်ဆိုင်ခံစားရမှုဆိုတဲ့ ရှု့ထောင့်က ဆွေးနွေးခဲ့တာပေါ့နော်
ဒါ့အပြင် Admin အနေနဲ့ကတော့ inclusiveness ကို Diversityနဲ့နှီးနွယ်ပြီး ဆက်စဉ်းစားနေမိသေးတယ်
တခါလေမှာ ကျမတို့ဟာ မတူကွဲပြားမှုကိုလက်ခံတယ် ထည့်သွင်းစဉ်းစားတယ်ဆိုပေမယ့် အကျူံးဝင်မှုဆိုတဲ့အယူအဆသာ မပါခဲ့ရင်
 💣မတူတာကိုလက်ခံတယ် သို့သော် မတူရင်မပါကြနဲ့ပေါ့ဆိုတာလိုမျိုး
 💣မတူတာကို ငဲ့ညှာတယ် သို့သော် အသာစီးကနေ စာနာသနားသလိုမျိုး
 💣မတူတာကိုတော့ ထည့်စဉ်းစားပါတယ် ငါတို့ကောင်းမယ်ထင်သလို လုပ်ပေးမယ်ဆိုတာမျိုး
တဆင့်နှိမ့်ဆက်ဆံမိတာတွေ ဖယ်ကျဉ်မိတာတွေရှိတတ်တယ်
အထူးသဖြင့် မတူညီတဲ့ ဘာသာ၊လူမျိုး၊ကျားမ၊အသက်ရွယ်၊မသန်စွမ်းနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူစတဲ့ လူနည်းစုအုပ်စုတွေနဲ့အားလုံး အကျူံးဝင်သက်ရောက်မှုရှိတဲ့ ပါဝင်ခြင်းဆိုတာ
စာနာသနားလို့ အသာစီးက ဆုံးဖြတ်စီမံပေးရတာမျိုးမဟုတ်ဘဲ
သူတို့ကိုယ်တိုင် သဘောတူလက်ခံ ပါဝင်ဆုံးဖြတ်ထားတဲ့ တန်းတူညီမျှ အခွင်အရေးလက်လှမ်းမီမှုလို့သာ ခံစားမိပါတယ်
အောက်ကပုံလေးကို ကြည့်ရင်း တကယ့်စစ်မှန်တဲ့အကျူံးဝင်မှုဆိုတာဘယ်လိုမျိုးလဲ စဉ်းစားကြပါစို့နော်


ရေးသားသူ
ဒေါ်စုန္ဒာလှိုင်

No comments:

Post a Comment