Monday, September 17, 2018

#IndicatorsofDemocracy #ဒီမိုကရေစီအညွှန်းကိန်းများ


မိမိတို့ လူ့အဖွဲ့အစည်းကို ဒီမိုကရေစီ ရှိ/မရှိ ဘယ်လိုသိနိုင်ပါသလဲလို့ဆိုရင် ဒီမိုကရေစီ အညွှန်းကိန်း dimension ၆ခု နဲ့ ကြည့်ရပါလိမ့်မယ်။

* Electoral and procedural democracy ကတော့ ပုံစံကျနိုင်ငံရေးစနစ်တစ်ခုရဲ့ အခြေခံပြည့်စုံမှုအခြေအနေကို ကြည့်တာပါ။ ဥပမာ ပြည်သူဟာ အစိုးရကိုရွေးချယ်နိုင်သလား။ ဖယ်ထုတ်နိုင်သလား။ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ Media လွတ်လပ်ခွင့်တွေနဲ့တိုင်းနိုင်ပါတယ်။ ဒီ dimension မှာ နိုင်ငံရေးတည်ငြိမ်မှု၊ အကြမ်းဖက်ခြင်းမရှိမှု၊ တရာဥပဒေစိုးမိုးမှု၊ အဂတိလိုက်စားခြင်းကိုထိန်းချုပ်နိုင်မှု တွေနဲ့ သုံးသပ်ကြပါတယ်။

* Activism and Civic Participation ကတော့ institution တွေ အသင်းအဖွဲ့တွေရဲ့ သဘောသဘာဝကို စစ်ဆေးတာမျိုးပါ။ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ။ လူပ်ရှားတက်ကြွသူတွေနဲ့ နိုင်ငံသားတွေရဲ့ပါဝင်ခွင့် အခွင့်အရေးရှိလာဖို့ နဲ့ ဆုံးဖြတ်ချက်လုပ်ငန်းစဉ်မှာပါဝင်လာနိုင်ဖို့ပါပဲ။ လက်မှတ်ထိုးတဲ့ petition တွေရှိနိုင်သလို ဆန္ဒပြခွင့်နဲ့ သပိတ်မှောက်ခွင့်တွေရှိတာမျိုးပါ။

* Deliberation and Aspiration ဒီ dimension က ဒီမိုကရေစီကျင့်စဉ်နဲ့ ဒီမိုကရေစီယဉ်ကျေးမှုတွေကို ကြည့်ရှု့ရတာမျိုးပါ။ ဥပမာ သိပ္ပံဆိုင်ရာပဲဖြစ်ဖြစ်၊ သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်၊ ကျန်းမာရေးဆိုင်ရာစတဲ့ အကြောင်းအရာတွေနဲ့ဆိုင်တဲ့ မူဝါဒအသစ်တွေမှာ ပြည်သူလူထုရဲ့ဆွေးနွေးငြင်းခုံမှုတွေ၊ နိုင်ငံသားအချင်းချင်းတစ်ဦးနဲ့တစ်ဦး ပြန်လည် ချိန်ဆစဉ်းစားဆင်ခြင်မှုတွေ ကိုကြည့်ရတာပါ။ လူတွေက ပြသာနာရပ်ကို ဖြေရှင်းတဲ့နည်းလမ်းမှာ ဒီမိုကရေစီစံနှုန်းတွေကို ဘယ်လောက် တန်ဖိုးထာသလဲ ဆိုတာကိုကြည့်တာပါ။

* Family Democracy ကတော့ မိသားစု ဖွဲ့စည်းပုံမှာ ကိုယ်ရေကိုယ်တာရွေးချယ်မှု နဲ့ပတ်သက်ပြီး တရားဝင် ပတ်ဝန်းကျင်တစ်ခု အဖြစ် ဘယ်လောက်ထိ ခွင့်ပြုထားလဲ။ အမျိုးသမီးတွေ ကလေးတွေရဲ့ အခန်းကဏ္ဍ နှင့်မိသားစုအတွင်း အကြမ်းဖက်မှုတွေ ကို ကြည့်ရပါလိမ့်မယ်။

* Workplace Democracy ကို စစ်ဆေးဖို့က အလုပ်သမားအခွင့်အရေး လေးစားမှုအတိုင်းအဆနဲ့ အလုပ်ခွင်ဖွဲ့စည်းပုံ၊ အမှန်တကယ်လုပ်ငန်းခွင်အခြေအနေတွေ ကြားက ကွာဟမှုကို လေ့လာသုံးသပ်ခြင်းဖြင့်သိနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ ကိုယ်ပိုင်လုပ်ပိုင်ခွင့်နဲ့ ဖန်တီခွင့်တွေကို ဘယ်လောက်ထိ အားပေးနေလဲဆိုတာ ကြည့်နိုင်ပါတယ်။

* Democratic Public Service ကတော့ ဝန်ဆောင်မှုအပေါ်မှာ လူထုပါဝင်ဆုံးဖြတ်နိုင်မှုရှိလား။ ဝန်ဆောင်မှုပုံစံ service designနဲ့ ဝန်ဆောင်မှုကို ပို့ဆောင်တဲ့စနစ် တွေမှာ service user သုံးစွဲသူတွေရဲ့ ပါဝင်ဆွေးနွေးခွင့်တွေရှိနေပြီးလား ဆိုတဲ့အချက်တွေကို သုံးသပ်ရတာမျိုးပါ။

Source: Accountable Democracy Lecture, GCL 2015 Canada

ရေးသားသူ
ဒေါက်တာဝေလွင်လွင်

No comments:

Post a Comment