Monday, September 17, 2018

ဒီမိုကေရစီအကူးအေျပာင္းနွင့္ Change Terrorists မ်ား

ဒီမိုကေရစီအကူးအေျပာင္းနွင့္ Change Terrorists မ်ား
ဒီမိုကေရစီအကူးအေျပာင္းဧ။္ ထင္ရွားေသာ အမွတ္သ႐ုပ္မ်ားမွာ
၁) အာဏာရွင္စနစ္မွ ျပည္သူကိုယ္စားျပဳအစိုးရမ်ားထြက္ေပၚလာျခင္း

၂) အရပ္ဖက္ စစ္ဖက္ အာဏာမွ်ေဝက်င့္သံုးျခင္းမွ ျပည္သူ႕အစိုးထံေရႊ့ေျပာင္းျခင္း

၃) အာဏာရွင္အလိုက် စီရင္ေရးစနစ္မွ တရားဥပေဒစိုးမိုးေရးအားေကာင္းလာျခင္း

၄) ေနာက္ေၾကာင္းမျပန္ျခင္းမွ အသြင္ကူးေျပာင္းမႈကာလ တရားမွ်တမႈမ်ားအတြက္ျပင္ဆင္ေဆာင္ရြက္ျခင္း

၅) ခိုးဆိုး ဓျမတိုက္ အဏာျပအဆင့္မွ ျပည္သူဝန္ေဆာင္မႈမ်ား အဆင္ေျပေခ်ာေမြ့ေစျခင္း

၆) ထိန္းခ်ဳပ္ေစခိုင္းထားေသာ နိုင္ငံေတာ္အင္စတီးက်ဴးရွင္းမ်ားအား အရပ္သားအစိုးရထိမ္းခ်ဳပ္မႈေအာက္မွာ ရွိေစျခင္း

၇) အုပ္ခ်ဳပ္ေရးမ်က္နွာ ေမာ္ဖူးရျခင္းမွ local ဒီမိုကေရစီျဖစ္ထြန္းေစျခင္း

၈) အမိန္ေပး ညြန္ႀကားခ်က္မ်ားမွသည္ ျပည္သူပါဝင္ခြင့္ရွိေသာ စီမံအုပ္ခ်ဳပ္မႈမ်ား ျဖစ္ထြန္းလာေစျခင္း

Change Terrorists အေျပာင္းအလဲကိုမလိုလား အႀကမ္းဖက္သူမ်ား

1) ပိုေနျမဲ က်ားေနျမဲသမားေတြ

၂) အေခ်ာင္နိုက္ အႀကိဳက္ေဆာင္ေတြ

၃) အတိတ္ကေရႊထီးေဆာင္းခဲ့တာကို သာယာေနတဲ့ေကာင္ေတြ

၄) အာဏာလုပ္ပိုင္ခြင့္ကို လက္မလြတ္ခ်င္သူေတြ

၅) နိုင္ငံေရး နားထံုပါးထံုေတြ သူတို့က တိုင္းျပည္မျငိမ္ေအာင္လုပ္မယ္
ျပည္သူေတြ က်ီးလန့္စာစားျဖစ္ေအာင္လုပ္မယ္။
Organized Crime လို့ေခၚတဲ့ ၿကိဳတင္စီမံ ပလန္ခ်ထားတဲ့ ရာဇဝတ္မႈေတြ အုပ္စုဖြဲအႀကမ္းဖက္မႈေတြကို လုပ္ေဆာင္မယ္။
ငါတို႕သာလွ်င္ တိုင္းျပည္ကယ္တင္လို့ရမယ္ဆိုဆဲ့အေပါက္ခ်ိဳးမယ္။
အဲ အႀကမ္းဖက္သမားေတြ ျပင္ယူရတာခက္တယ္ အက်ိဳးစီးပြားနဲ့လည္းဆိုင္တယ္
က်င့္ဝတ္အျပဳအမူနဲ့လည္းဆိုင္တယ္ စိတ္ပိုင္ဆိုင္ရာ (စိတ္ကစင့္ကလ်ားကဏာမညိမ္ျဖစ္မႈ) နဲ့လည္းဆိုင္တယ္။
အေျဖက..... ???

ေရးသားသူ ဦးရဲထြဋ္

--------------------------------------------------------------------------------------------------------------
Unicode Version
ဒီမိုကရေစီအကူးအပြောင်းနှင့် Change Terrorists များ
ဒီမိုကရေစီအကူးအပြောင်းဧ။် ထင်ရှားသော အမှတ်သရုပ်များမှာ

၁) အာဏာရှင်စနစ်မှ ပြည်သူကိုယ်စားပြုအစိုးရများထွက်ပေါ်လာခြင်း

၂) အရပ်ဖက် စစ်ဖက် အာဏာမျှဝေကျင့်သုံးခြင်းမှ ပြည်သူ့အစိုးထံရွှေ့ပြောင်းခြင်း

၃) အာဏာရှင်အလိုကျ စီရင်ရေးစနစ်မှ တရားဥပဒေစိုးမိုးရေးအားကောင်းလာခြင်း

၄) နောက်ကြောင်းမပြန်ခြင်းမှ အသွင်ကူးပြောင်းမှုကာလ တရားမျှတမှုများအတွက်ပြင်ဆင်ဆောင်ရွက်ခြင်း

၅) ခိုးဆိုး ဓမြတိုက် အဏာပြအဆင့်မှ ပြည်သူဝန်ဆောင်မှုများ အဆင်ပြေချောမွေ့စေခြင်း

၆) ထိန်းချုပ်စေခိုင်းထားသော နိုင်ငံတော်အင်စတီးကျူးရှင်းများအား အရပ်သားအစိုးရထိမ်းချုပ်မှုအောက်မှာ ရှိစေခြင်း

၇) အုပ်ချုပ်ရေးမျက်နှာ မော်ဖူးရခြင်းမှ local ဒီမိုကရေစီဖြစ်ထွန်းစေခြင်း

၈) အမိန်ပေး ညွန်ကြားချက်များမှသည် ပြည်သူပါဝင်ခွင့်ရှိသော စီမံအုပ်ချုပ်မှုများ ဖြစ်ထွန်းလာစေခြင်း

Change Terrorists အပြောင်းအလဲကိုမလိုလား အကြမ်းဖက်သူများ

1) ပိုနေမြဲ ကျားနေမြဲသမားတွေ

၂) အချောင်နိုက် အကြိုက်ဆောင်တွေ

၃) အတိတ်ကရွှေထီးဆောင်းခဲ့တာကို သာယာနေတဲ့ကောင်တွေ

၄) အာဏာလုပ်ပိုင်ခွင့်ကို လက်မလွတ်ချင်သူတွေ

၅) နိုင်ငံရေး နားထုံပါးထုံတွေ သူတို့က တိုင်းပြည်မငြိမ်အောင်လုပ်မယ်
ပြည်သူတွေ ကျီးလန့်စာစားဖြစ်အောင်လုပ်မယ်။
Organized Crime လို့ခေါ်တဲ့ ကြိုတင်စီမံ ပလန်ချထားတဲ့ ရာဇဝတ်မှုတွေ အုပ်စုဖွဲအကြမ်းဖက်မှုတွေကို လုပ်ဆောင်မယ်။
ငါတို့သာလျှင် တိုင်းပြည်ကယ်တင်လို့ရမယ်ဆိုဆဲ့အပေါက်ချိုးမယ်။
အဲ အကြမ်းဖက်သမားတွေ ပြင်ယူရတာခက်တယ် အကျိုးစီးပွားနဲ့လည်းဆိုင်တယ်
ကျင့်ဝတ်အပြုအမူနဲ့လည်းဆိုင်တယ် စိတ်ပိုင်ဆိုင်ရာ (စိတ်ကစင့်ကလျားကဏာမညိမ်ဖြစ်မှု) နဲ့လည်းဆိုင်တယ်။
အဖြေက..... ???

ရေးသားသူ ဦးရဲထွဋ်

No comments:

Post a Comment