Monday, September 17, 2018

ဗဟု ဝါဒ၊ အႀကြင္းမဲ့ဝါဒ ႏွင့္ ပညာေရး(အပိုင္း ၁)


(ပညာေရး အာဏာပိုင္ဝါဒ)

-----------------------------------

လူအဖြဲ႕စည္းတစ္ရပ္၏ ပညာေရးဘဝသည္ ယင္းအဖြဲ႕အစည္းအတြင္း က်င့္သံုးလွ်က္ရွိေသာ ႏိုင္ငံေရး(ဝါ) ႏိုင္ငံေရးစနစ္ႏွင့္ တိုက္ရိုက္စပ္ဆက္လွ်က္ ရွိသည္။ လူအဖြဲ႕အစည္းဟူသည္ လူသားတို႕အတူတကြ ေပါင္းစည္းေနထိုင္လွ်က္ရွိေသာ လူမႈသိုက္ျမံဳဟု ေယဘုယ် အဓိပၸါယ္ ဖြင့္ဆိုႏိုင္ပါသည္။ သို႔ရာတြင္ လူအဖြဲ႕အစည္းသည္ လူသားတို႕၏ စိတ္တစ္ခု၊႐ုပ္တစ္စံု အေပါင္းအစည္းမ်ိဳးမဟုတ္ေပ။ လူမႈေရး၊စီးပြားေရး၊ႏိုင္ငံေရး စသည့္ေရးရာကိစၥရပ္မ်ားအတြက္ ကြဲျပားျခားနားေသာ ရည္ရြယ္ခ်က္အသီးသီးကို ေဖာ္ေဆာင္ေနသူတို႕၏ စုစည္းမႈမ်ိဳးသာျဖစ္သည္။ အခ်ိဳ႕အဖြဲ႕အစည္းမ်ားက ပုဂၢလလူသားတို႕၏ ကြဲျပားျခားနားေသာ ဘဝေနထိုင္မႈ၊ဘဝေရြးခ်ယ္မႈမ်ားကို ခြင့္ျပဳၿပီး လူသားတို႕ရရွိခံစားပိုင္ခြင့္ရွိေသာ အခြင့္အေရးမ်ားႏွင့္ ပိုင္ဆိုင္မႈမ်ားကို ကာကြယ္ေစာင့္ေရွာက္ေပးသည္။အခ်ိဳ႕အဖြဲ႕အစည္းမ်ားက ကြဲျပားျခားနားေသာ ပံုသ႑န္မ်ိဳးထက္ တူညီေသာ လူမႈဘဝပံုစံမ်ိဳးကို ပံစံသြင္းလိုသည္။ ပုဂၢလ ရပိုင္ခြင့္မ်ားအေပၚလည္း လႊမ္းမိုးခ်ဳပ္ခ်ယ္ထားတတ္သည္။ဤျခားနားခ်က္မ်ားကို လိုက္၍ လူအဖြဲ႕အစည္းမ်ားကို ပြင့္လင္းလူ႕အဖြဲ႕အစည္း(open society )ႏွင့္ ပိတ္ေႏွာင္ လူ႕အဖြဲ႕အစည္း (closed society) ဟူ၍ ခြဲျခားသတ္မွတ္ႏိုင္သည္။ ယင္းအဖြဲ႕အစည္း ႏွစ္ရပ္အနက္ ပိတ္ႏွာင္လူ႕အဖြဲ႕အစည္းမ်ားက အၾကြင္းမဲ့ဝါဒ(ဝါ) အၾကြင္းမဲ့အာဏာပိုင္ဘဝ (Totalitarianism) ကို က်င့္သံုးၿပီး ပြင့္လင္းလူ႕အဖြဲ႕အစည္းမ်ားက ဗဟုဝါဒ( Pluralism) ကိုက်င့္သံုးၾကပါသည္။ဤေဆာင္းပါးတြင္ ယင္းအဖြဲ႕အစည္းႏွစ္ရပ္၏ သေဘာသဘာဝႏ်င့္ ပညာေရးျဖစ္စဥ္မ်ားကို ျခံဳငံုေဆြးေႏြးသြားပါမည္။

အၾကြင္းမဲ့ဝါဒီမ်ားက လူ႕အဖြဲ႕အစည္း၏ သေဘာကို (organismic theory of society ) ႐ႈ႕ေထာင့္မွ ဖြင့္ဆိုၾကပါသည္။ ဆိုလိုသည္မွာ လူသားအား ဇီဝကမၼပိုင္းဆိုင္ရာအဂၤါမ်ားျဖင့္ တစ္ေပါင္းတစည္းတည္း ေပါင္းစည္းဖြဲ႕စည္းထားသကဲ့သို႕ လူ႕အဖြဲ႕အစည္းသည္လည္း ယင္းအဖြဲ႕ဝင္လူသားမ်ားျဖင့္ ေပါင္းစပ္ဖြဲ႕စည္းထားျခင္းျဖစ္သည္။ ယင္းသည္ လူသားကိုယ္ (Human Body)မွ လူမႈကိုယ္ (Social Body) ကို နိဂံုးဆြဲယူထားျခင္းလည္းျဖစ္သည္။ လူသားကိုယ္၏ မ်က္စိ၊ႏွာေခါင္း၊နား၊ေျခ ၊လက္ အဂၤါမ်ားသည္ လူသားကိုယ္ႏွင့္ ခြဲျခားမရေအာင္ေပါင္းစပ္လွ်က္ရွိသည္။ယင္းအဂၤါ အစိတ္အပိုင္းမ်ားသည္ လူသားကိုယ္အတြက္ အရာရာေဆာင္ရြက္ေပးခြင့္ရေသာ္လည္း ၄င္းတို႔အေနျဖင့္ လူသားတို႕ကိုယ္မွ ခြဲခြာ၍ သီးျခားေဆာင္ရြက္ပိုင္ခြင့္ မရွိေပ။ ဇိဝကမၼျဖစ္စဥ္တို႕ကို အေျချပဳၿပီး အၾကြင္းမဲ့ဝါဒီတို႕က လူမႈကိုယ္ကို တစ္ေပါင္းတစည္းတည္းအျဖစ္ ႐ႈျမင္ၾကသည္။ သူတို႕သည္ ပုဂၢလလူသား၏ သီးျခားျဖစ္တည္မႈသေဘာ (Individual existence)ႏွင့္ ၄င္းလူသားစြမ္းေဆာင္ရည္ကို အသိအမွတ္မျပဳေပ။လူသားသည္ လူ႕အဖြဲ႕အစည္း၏ အဖြဲ႕ဝင္သာျဖစ္ၿပီး အျခားမည္သည့္အရာမွမဟုတ္ေပ။ ယင္းကိုထင္ရွားေစရန္ႏွင့္ အျခားလူမႈေရး၊ဘာသာေရး သင္းပင္းမ်ားႏွင့္ လူ႕အဖြဲ႕အစည္း (ဝါ) ႏိုင္ငံေတာ္တို႕၏ ျခားနားမႈကို ရွင္းလင္းခ်င္ပါေသးသည္။

လူမႈေရး၊ဘာသာေရး အသင္းအပင္းမ်ားသည္ အဖြဲ႕ဝင္တို႕၏ ဘံုရည္မွန္းခ်က္တစ္ခုခုအတြက္ စုစည္းထားေသာ အဖြဲ႕အစည္းမ်ားျဖစ္ပါသည္။လူသားတို႕အေနျဖင့္ ၄င္းတို႕၏ စိတ္ပါဝင္စားမႈအရသာ အဖြဲ႕ဝင္အျဖစ္ ပူးေပါင္းေဆာင္ရြက္ၾကသည္။တခါတရံ အဖြဲ႕ဝင္တို႕အေနျဖင့္ အဖြဲ႕အစည္း၏ လုပ္ငန္းကိစၥ အဝဝကို ပူးေပါင္းေဆာင္ရြက္ရန္ပ်က္ကြက္ၾကေသာအခါ အဖြဲ႕၏ရည္မွန္းခ်က္မ်ားႏွင့္ လုပ္ငန္းစဥ္မ်ားေဝဝါးေမွးမွိန္သြားၿပီး ညီညြတ္မႈပ်က္ျပားသည့္ အေျခအေန ႏွင့္ ၾကံဳေတြ႕ၾကရပါသည္။ ႏိုင္ငံအဖြဲ႕အစည္းမွာကား ထိုသို႕မဟုတ္ေပ။ ႏိုင္ငံသားတို႕သည္ ကေလးငယ္ဘဝကပင္ ႏိုင္ငံေတာ္အတြင္း ေမြးဖြားႀကီးျပင္းခဲ့ၾကသည္။ယင္းကေလးငယ္သည္ ႏိုင္ငံသားဘဝက လံုးဝမလြတ္ေျမွာက္ႏို္င္ေပ။သူ႕ပုဂၢလ သေဘာေဆာင္ေသာ္လည္း ႏိုင္ငံသားသေဘာအျဖစ္သာေနထိုင္ရမည္ ျဖစ္သည္။ ဆိုလိုသည္မွာ လူသား၏ ပုဂၢလ ဆန္မႈကို ကန္႕သတ္ထားၿပီး ႏိုင္ငံ၏လုပ္ငန္းေဆာင္တာအရပ္ရပ္ကို ပူးေပါင္းေဆာင္ရြက္လ်က္ အစြမ္းျပည့္ဝေသာ ႏိုင္ငံသားေကာင္းတစ္ေယာက္အျဖစ္ေနထိုင္ရန္သာျဖစ္သည္။ယင္းဝါဒီတို႕သည္ ပုဂၢလ လူသားသီးျခားျဖစ္တည္မႈႏွင့္ စြမ္းေဆာင္ရည္ တို႕ကို အသိအမွတ္မျပဳေပ။ႏိုင္ငံေရးအရလည္း လူသားလြတ္လပ္မႈအပါအဝင္ သဘာဝရပိုင္ခြင့္မ်ားကို ကန္႕သတ္ထားၿပီး ႏိုင္ငံေတာ္အား နာခံတတ္ေစရန္သာ သြတ္သြင္း သင္ၾကားပါသည္။ ယင္းအယူအဆကို ကြန္ျမဴနစ္၊ဖက္ဆစ္ အာဏာရွင္ စေသာ အဖြဲ႕အစည္းမ်ားက လက္ခံက်င့္သံုးၾကပါသည္။

ထို႕ေၾကာင့္ ယင္းဝါဒေအာက္ရွိ ပညာေရးလက္ေတြ႔ လုပ္ငန္းမ်ားအေနျဖင့္ မ်ားစြာကန္႕သတ္ထားရမည္ကို အလြယ္တကူနားလည္ ႏိုင္ေပသည္။ အၾကြင္းမဲ့အာဏာပိုင္ ဝါဒေအာက္ရွိ ပညာေရးအစီအစဥ္မ်ားႏွင့္ တကၠသို္လ္၊ ေကာလိပ္၊ စာသင္ေက်ာင္းမ်ား အားလံုးသည္ အစိုးရ၏ ထိန္းသိမ္း(ကန္႕သတ္ထိန္းခ်ဳပ္မႈ)ေအာက္တြင္သာရွိေနပါသည္။ ပုဂၢလေက်ာင္းမ်ားႏွင့္ ပညာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားသည္ မိမိဘာသာေစာင့္ေရွာက္မႈလုပ္ငန္းမ်ားသည္ မိမိဘာသာ သီးျခားရပ္တည္ခြင့္ ၊ေစာင့္ေရွာက္လႈပ္ရွားခြင့္မရွိေပ။ ပညာေရး ဒသ၁န ရႈေထာင့္အရၾကည့္ေသာ္ ရူးဆိုး(Rousseau) ၏ ပညာေရးသည္ ႏိုင္ငံသားျဖစ္ဖို႕ထပ္ လူပီသေစဖို႕သာ ျဖစ္သည္ ဟူေသာ အယူအဆကို ဆန္႕က်င္ၿပီး ေဟဂယ္(Hegel)၏ ႏိုင္ငံသားေကာင္းပညာေရးကို မဆည္းပူးဘဲ ျပည့္မွီေသာ လူတစ္ေယာက္မျဖစ္ႏိုင္”ဆိုေသာ အယူအဆေပၚတြင္ အေျခခံထားျခင္းလည္း ျဖစ္ႏိုင္သည္။ ယင္းႏိုင္ငံသားေကာင္းအယူအဆ ကို အေစာပိုင္း ေအသင္ ဒႆန ပညာရွင္ ပေလတို( Plato )၏ အယူအဆ မ်ားတြင္ ေတြ႕ရွိႏိုင္ၿပီး သူက “လူသည္ မိမိ၏ ပုဂၢလအလိုဆႏၵႏွင့္ စိတ္ခံစားမႈမ်ားကို ခ်ိဳးႏွိမ္ၿပီး ႏိုင္ငံသားဘဝ၊ႏိုင္ငံသားစိတ္ဓာတ္မ်ိဳး ပ်ိဳးေထာင္ရမည္ျဖစ္ပါသည္။ သည့္အတြက္ လူငယ္ လူရြယ္မ်ားအား ႏိုင္ငံသားဘဝႏွင့္ သက္ဆိုင္ေသာ အမူအက်င့္မ်ားကို ေလ့က်င့္သင္ၾကာေပးရမည္”ဟု ဆိုပါသည္။ ယင္းအယူအဆအရ ပညာေရးဟူသည္ ႏို္င္ငံသားတို႕အား ႏိုင္ငံေတာ္က အလိုရွိသည့္အတိုင္း ပညာသင္ၾကားေစျခင္းပင္ ျဖစ္ပါသည္။

အၾကြင္းမဲ့အာဏာပိုင္ဝါဒေအာက္ရွိ ပညာေရးစနစ္အတြင္း ပုဂၢလလူသား၏ အခန္းက႑မွာ မ်ားစြာ အေရးမပါလွေပ။ ယင္းအဖြဲ႕အစည္းတို႕သည္ လူတစ္ဦးခ်င္းစီထက္ ႏိုင္ငံသားဘဝကို ပို၍ အေလးေပးသည္။ လူ႕အဖြဲ႕အစည္း(ဝါ) ႏိုင္ငံေတာ္ ယင္း၏ ကိုယ္ပိုင္ျဖစ္ေသာ ယဥ္ေက်းမႈ၊ဘာသာတရား ၊ဘာသာစကား၊ စီးပြားေရး နယ္နမိတ္စသည့္ အကန္႕အသက္ပန္းတိုင္မ်ားရွိၾကပါသည္။ ပညာေရးလုပ္ငန္းစဥ္ သည္ ႏိုင္ငံအဖြဲ႕အစည္း၏ စံျပထားအပ္ရာ ပန္းတိုင္မ်ားသို႕ေရာက္ရွိေစရန္ ေထာက္ပံ့ပို႕ေဆာင္ေပးျခင္းမ်ိဳး ျဖစ္ပါသည္။ ပုဂၢလလူသားကမူ ႏို္င္ငံရည္မွန္းခ်က္ပန္းတိုင္မ်ား သို႕ ေရာက္ရွိေစရန္ ျငမ္းအျဖစ္ အသံုးေတာ္ခံရန္သာျဖစ္ပါသည္။ ယင္းအေျခအေနအတြင္း လူသား၏ ကိုယ္ရည္ကိုယ္ေသြး ဆိုသည္မွာ အၾကြင္းမဲ့ ဝါဒပံုေဖာ္ေပးသည့္အတိုင္း ႀကီးမားက်ယ္ျပန္႕သည့္ လူ႕ေဘာင္ေလာကအတြင္း က်ပ္တည္းက်ဥ္းေျမာင္းစြာ ေနထိုင္သြားရန္ပင္ ျဖစ္သည္။

စင္စစ္မူ ၄င္းတို႕သည္ အမ်ားျပည္သူတို႕ကို ကိုယ္စားမျပဳဘဲ ကိုယ္ပိုင္အက်ိဳးစီပြားႏွင့္ ရည္မွန္းခ်က္မ်ား အတြက္ စုစည္းထားေသာ လူနည္းစုမ်ိုးသာျဖစ္သည္။ထိုသူတို႕သည္ အဖြဲ႕ဝင္ျပည္သူတို႕၏ လူမႈလြတ္လပ္မႈ၊ ႏိုင္ငံေရးလြတ္လပ္မႈတို႕ကို ထိန္းခ်ဳပ္ထားသကဲ့သို႔ ပညာေရးလြတ္လပ္မႈတို႕ကိုလည္း ကန္႕သတ္ထားပါသည္။ ပညာေရး၏တန္ဖိုး ႏႈန္းစံမ်ား၊အစီအမံမ်ားႏွင့္ ပတ္သတ္ၿပီး လြတ္လပ္စြာေဆြးေႏြးေဆာင္ရြက္ခြင့္ မရွိေပ။ ေရွ႕တြင္ ေဖာ္ျပထားသကဲ့သို႕ တကၠသိုလ္၊ေကာလိပ္ႏွင့္ စာသင္ေက်ာင္းမ်ားတြင္ လည္း ပညာေရးဆိုင္ရာ ကိုယ္ပိုင္ျပဌာန္းခြင့္ႏွင့္ က်င့္သံုးခြင့္မ်ားမရွိေပ။ ဗဟိုအာဏာစက္၏ အစီအမံမ်ားကိုသာ ေဖာ္ေဆာင္ရျခင္းျဖစ္သည္။ ဆရာ၊ဆရာမမ်ားသည္ပင္ အထက္အဖြဲ႕အစည္းအဆင့္ဆင့္က ခ်မွတ္ေပးလိုက္ေသာ မူဝါဒ ဆံုးျဖတ္ခ်က္မ်ားကို ရွင္းလင္းရသူ၊ဝါဒျဖန္႕ခ်ိသူမ်ားသာ ျဖစ္ေလသည္။

ယင္းအဖြဲ႕အစည္းမ်ား၏ ပညာေရး၊လြတ္လပ္ခြင့္ ဆိုသည္မွာ အသိပညာႏွင့္ ပတ္သတ္ၿပီး အဆံုးအစမဲ့ စည္းပူးေလ့လာႏိုင္ျခင္း မဟုတ္ေပ။ ဥာဏ္ရည္ဥာဏ္ေသြးျပည့္ဝၿပီး မိမိကိုယ္မိမိ သိနားလည္သူမ်ား ျဖစ္လာေစျခင္း မဟုတ္၊ပုဂၢလလူသားအား လူမူအေႏွာင္အတည္းႏွင့္ ဝန္ထုပ္ဝန္ပိုးတို႕မွ လြတ္ေျမွာက္ေစျခင္းမဟုတ္။ ႏိုင္ငံ၏ အက်ိဳးစီးပြားလိုအပ္မႈအတြက္ အစြမ္းကုန္ျဖည့္ဆည္းေပးရန္သာ ျဖစ္ေလသည္။ လြတ္လပ္မႈဆိုသည္ကိုလည္း လူသားရပိုင္ခြင့္အျဖစ္ တန္ဖိုးမထားဘဲ၊ ႏိုင္ငံႏွင့္ ႏိုင္ငံ့ အစိုးရ၏ အထူးအခြင့္အေရး အျဖစ္သာ သတ္မွတ္ထားပါသည္။ ဆိုလိုသည္မွာ ႏိုင္ငံေတာ္ကသာလွ်င္ လြတ္လပ္စြာ စီရင္ျပဌာန္းခြ င့္ ရွိသည္။ လြတ္လပ္စြာ လႊမ္းမိုးခ်ဳပ္ခ်ယ္ခြင့္ ရွိသည္။ ျပည္သူျပည္သားတို႕မွာကား မိမိတို႕၏ ပုဂၢလ လြတ္လပ္မႈကို အဆံုးရံႈးခံၾကရသည္။ အႂကြင္းမဲ့အာဏာပိုင္ ဝါဒေအာက္ရွိ ေက်ာင္းသင္ပညာႏိငက္ အျမင့္ဆံုး ေကာင္းျမတ္မႈမွာ လူငယ္လူရြယ္မ်ားအား စည္းကမ္းေသဝပ္ေသာ၊တာဝန္ေက်ပြန္ေသာ၊ႏိုင္ငံအတြက္ စြန္႕လႊတ္ရဲေသာ ႏိုင္ငံသားေကာင္းမ်ား ျဖစ္လာေစရန္ပင္ျဖစ္သည္။ သည့္အတြက္ လူသား၏ အနာဂတ္ဘဝႏွင့္ ျဖစ္ေျခအသီးသီးတို႕ ေပ်ာက္ဆံုးေနေသာ အေျခအေနဟုဆိုႏိုင္ပါသည္။ ယင္းသည္ ကြန္ျမဴနစ္၊ဖက္ဆစ္ႏွင့္ အျခားအာဏာရွင္ ႏိုင္ငံမ်ားအတြက္ မ်ားစြာ ကြဲျပားျခားနားမႈ မရွိေပ။

ေရးသားသူ သူရိန္ထက္လင္း@ ဦးရဲထြဋ္
ဗဟုဝါဒ အႀကြင္းမဲ့ဝါဒ နွင့္ပညာေရး
စံပါယ္ျဖဴ မဂၢဇင္းမွ

--------------------------------------------------------------------------------------------------------------
Unicode Version

ဗဟု ဝါဒ၊ အကြွင်းမဲ့ဝါဒ နှင့် ပညာရေး(အပိုင်း ၁)
(ပညာရေး အာဏာပိုင်ဝါဒ)
-----------------------------------
လူအဖွဲ့စည်းတစ်ရပ်၏ ပညာရေးဘဝသည် ယင်းအဖွဲ့အစည်းအတွင်း ကျင့်သုံးလျှက်ရှိသော နိုင်ငံရေး(ဝါ) နိုင်ငံရေးစနစ်နှင့် တိုက်ရိုက်စပ်ဆက်လျှက် ရှိသည်။ လူအဖွဲ့အစည်းဟူသည် လူသားတို့အတူတကွ ပေါင်းစည်းနေထိုင်လျှက်ရှိသော လူမှုသိုက်မြုံဟု ယေဘုယျ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။ သို့ရာတွင် လူအဖွဲ့အစည်းသည် လူသားတို့၏ စိတ်တစ်ခု၊ရုပ်တစ်စုံ အပေါင်းအစည်းမျိုးမဟုတ်ပေ။ လူမှုရေး၊စီးပွားရေး၊နိုင်ငံရေး စသည့်ရေးရာကိစ္စရပ်များအတွက် ကွဲပြားခြားနားသော ရည်ရွယ်ချက်အသီးသီးကို ဖော်ဆောင်နေသူတို့၏ စုစည်းမှုမျိုးသာဖြစ်သည်။ အချို့အဖွဲ့အစည်းများက ပုဂ္ဂလလူသားတို့၏ ကွဲပြားခြားနားသော ဘဝနေထိုင်မှု၊ဘဝရွေးချယ်မှုများကို ခွင့်ပြုပြီး လူသားတို့ရရှိခံစားပိုင်ခွင့်ရှိသော အခွင့်အရေးများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်စောင့်ရှောက်ပေးသည်။အချို့အဖွဲ့အစည်းများက ကွဲပြားခြားနားသော ပုံသဏ္ဍန်မျိုးထက် တူညီသော လူမှုဘဝပုံစံမျိုးကို ပံစံသွင်းလိုသည်။ ပုဂ္ဂလ ရပိုင်ခွင့်များအပေါ်လည်း လွှမ်းမိုးချုပ်ချယ်ထားတတ်သည်။ဤခြားနားချက်များကို လိုက်၍ လူအဖွဲ့အစည်းများကို ပွင့်လင်းလူ့အဖွဲ့အစည်း(open society )နှင့် ပိတ်နှောင် လူ့အဖွဲ့အစည်း (closed society) ဟူ၍ ခွဲခြားသတ်မှတ်နိုင်သည်။ ယင်းအဖွဲ့အစည်း နှစ်ရပ်အနက် ပိတ်နှာင်လူ့အဖွဲ့အစည်းများက အကြွင်းမဲ့ဝါဒ(ဝါ) အကြွင်းမဲ့အာဏာပိုင်ဘဝ (Totalitarianism) ကို ကျင့်သုံးပြီး ပွင့်လင်းလူ့အဖွဲ့အစည်းများက ဗဟုဝါဒ( Pluralism) ကိုကျင့်သုံးကြပါသည်။ဤဆောင်းပါးတွင် ယင်းအဖွဲ့အစည်းနှစ်ရပ်၏ သဘောသဘာဝနျင့် ပညာရေးဖြစ်စဉ်များကို ခြုံငုံဆွေးနွေးသွားပါမည်။

အကြွင်းမဲ့ဝါဒီများက လူ့အဖွဲ့အစည်း၏ သဘောကို (organismic theory of society ) ရှု့ထောင့်မှ ဖွင့်ဆိုကြပါသည်။ ဆိုလိုသည်မှာ လူသားအား ဇီဝကမ္မပိုင်းဆိုင်ရာအင်္ဂါများဖြင့် တစ်ပေါင်းတစည်းတည်း ပေါင်းစည်းဖွဲ့စည်းထားသကဲ့သို့ လူ့အဖွဲ့အစည်းသည်လည်း ယင်းအဖွဲ့ဝင်လူသားများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယင်းသည် လူသားကိုယ် (Human Body)မှ လူမှုကိုယ် (Social Body) ကို နိဂုံးဆွဲယူထားခြင်းလည်းဖြစ်သည်။ လူသားကိုယ်၏ မျက်စိ၊နှာခေါင်း၊နား၊ခြေ ၊လက် အင်္ဂါများသည် လူသားကိုယ်နှင့် ခွဲခြားမရအောင်ပေါင်းစပ်လျှက်ရှိသည်။ယင်းအင်္ဂါ အစိတ်အပိုင်းများသည် လူသားကိုယ်အတွက် အရာရာဆောင်ရွက်ပေးခွင့်ရသော်လည်း ၎င်းတို့အနေဖြင့် လူသားတို့ကိုယ်မှ ခွဲခွာ၍ သီးခြားဆောင်ရွက်ပိုင်ခွင့် မရှိပေ။ ဇိဝကမ္မဖြစ်စဉ်တို့ကို အခြေပြုပြီး အကြွင်းမဲ့ဝါဒီတို့က လူမှုကိုယ်ကို တစ်ပေါင်းတစည်းတည်းအဖြစ် ရှုမြင်ကြသည်။ သူတို့သည် ပုဂ္ဂလလူသား၏ သီးခြားဖြစ်တည်မှုသဘော (Individual existence)နှင့် ၎င်းလူသားစွမ်းဆောင်ရည်ကို အသိအမှတ်မပြုပေ။လူသားသည် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်သာဖြစ်ပြီး အခြားမည်သည့်အရာမှမဟုတ်ပေ။ ယင်းကိုထင်ရှားစေရန်နှင့် အခြားလူမှုရေး၊ဘာသာရေး သင်းပင်းများနှင့် လူ့အဖွဲ့အစည်း (ဝါ) နိုင်ငံတော်တို့၏ ခြားနားမှုကို ရှင်းလင်းချင်ပါသေးသည်။

လူမှုရေး၊ဘာသာရေး အသင်းအပင်းများသည် အဖွဲ့ဝင်တို့၏ ဘုံရည်မှန်းချက်တစ်ခုခုအတွက် စုစည်းထားသော အဖွဲ့အစည်းများဖြစ်ပါသည်။လူသားတို့အနေဖြင့် ၎င်းတို့၏ စိတ်ပါဝင်စားမှုအရသာ အဖွဲ့ဝင်အဖြစ် ပူးပေါင်းဆောင်ရွက်ကြသည်။တခါတရံ အဖွဲ့ဝင်တို့အနေဖြင့် အဖွဲ့အစည်း၏ လုပ်ငန်းကိစ္စ အဝဝကို ပူးပေါင်းဆောင်ရွက်ရန်ပျက်ကွက်ကြသောအခါ အဖွဲ့၏ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များဝေဝါးမှေးမှိန်သွားပြီး ညီညွတ်မှုပျက်ပြားသည့် အခြေအနေ နှင့် ကြုံတွေ့ကြရပါသည်။ နိုင်ငံအဖွဲ့အစည်းမှာကား ထိုသို့မဟုတ်ပေ။ နိုင်ငံသားတို့သည် ကလေးငယ်ဘဝကပင် နိုင်ငံတော်အတွင်း မွေးဖွားကြီးပြင်းခဲ့ကြသည်။ယင်းကလေးငယ်သည် နိုင်ငံသားဘဝက လုံးဝမလွတ်မြှောက်နိုင်ပေ။သူ့ပုဂ္ဂလ သဘောဆောင်သော်လည်း နိုင်ငံသားသဘောအဖြစ်သာနေထိုင်ရမည် ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ ပုဂ္ဂလ ဆန်မှုကို ကန့်သတ်ထားပြီး နိုင်ငံ၏လုပ်ငန်းဆောင်တာအရပ်ရပ်ကို ပူးပေါင်းဆောင်ရွက်လျက် အစွမ်းပြည့်ဝသော နိုင်ငံသားကောင်းတစ်ယောက်အဖြစ်နေထိုင်ရန်သာဖြစ်သည်။ယင်းဝါဒီတို့သည် ပုဂ္ဂလ လူသားသီးခြားဖြစ်တည်မှုနှင့် စွမ်းဆောင်ရည် တို့ကို အသိအမှတ်မပြုပေ။နိုင်ငံရေးအရလည်း လူသားလွတ်လပ်မှုအပါအဝင် သဘာဝရပိုင်ခွင့်များကို ကန့်သတ်ထားပြီး နိုင်ငံတော်အား နာခံတတ်စေရန်သာ သွတ်သွင်း သင်ကြားပါသည်။ ယင်းအယူအဆကို ကွန်မြူနစ်၊ဖက်ဆစ် အာဏာရှင် စသော အဖွဲ့အစည်းများက လက်ခံကျင့်သုံးကြပါသည်။

ထို့ကြောင့် ယင်းဝါဒအောက်ရှိ ပညာရေးလက်တွေ့ လုပ်ငန်းများအနေဖြင့် များစွာကန့်သတ်ထားရမည်ကို အလွယ်တကူနားလည် နိုင်ပေသည်။ အကြွင်းမဲ့အာဏာပိုင် ဝါဒအောက်ရှိ ပညာရေးအစီအစဉ်များနှင့် တက္ကသိုလ်၊ ကောလိပ်၊ စာသင်ကျောင်းများ အားလုံးသည် အစိုးရ၏ ထိန်းသိမ်း(ကန့်သတ်ထိန်းချုပ်မှု)အောက်တွင်သာရှိနေပါသည်။ ပုဂ္ဂလကျောင်းများနှင့် ပညာရေးစောင့်ရှောက်မှု လုပ်ငန်းများသည် မိမိဘာသာစောင့်ရှောက်မှုလုပ်ငန်းများသည် မိမိဘာသာ သီးခြားရပ်တည်ခွင့် ၊စောင့်ရှောက်လှုပ်ရှားခွင့်မရှိပေ။ ပညာရေး ဒသ၁န ရှုထောင့်အရကြည့်သော် ရူးဆိုး(Rousseau) ၏ ပညာရေးသည် နိုင်ငံသားဖြစ်ဖို့ထပ် လူပီသစေဖို့သာ ဖြစ်သည် ဟူသော အယူအဆကို ဆန့်ကျင်ပြီး ဟေဂယ်(Hegel)၏ နိုင်ငံသားကောင်းပညာရေးကို မဆည်းပူးဘဲ ပြည့်မှီသော လူတစ်ယောက်မဖြစ်နိုင်”ဆိုသော အယူအဆပေါ်တွင် အခြေခံထားခြင်းလည်း ဖြစ်နိုင်သည်။ ယင်းနိုင်ငံသားကောင်းအယူအဆ ကို အစောပိုင်း အေသင် ဒဿန ပညာရှင် ပလေတို( Plato )၏ အယူအဆ များတွင် တွေ့ရှိနိုင်ပြီး သူက “လူသည် မိမိ၏ ပုဂ္ဂလအလိုဆန္ဒနှင့် စိတ်ခံစားမှုများကို ချိုးနှိမ်ပြီး နိုင်ငံသားဘဝ၊နိုင်ငံသားစိတ်ဓာတ်မျိုး ပျိုးထောင်ရမည်ဖြစ်ပါသည်။ သည့်အတွက် လူငယ် လူရွယ်များအား နိုင်ငံသားဘဝနှင့် သက်ဆိုင်သော အမူအကျင့်များကို လေ့ကျင့်သင်ကြာပေးရမည်”ဟု ဆိုပါသည်။ ယင်းအယူအဆအရ ပညာရေးဟူသည် နိုင်ငံသားတို့အား နိုင်ငံတော်က အလိုရှိသည့်အတိုင်း ပညာသင်ကြားစေခြင်းပင် ဖြစ်ပါသည်။

အကြွင်းမဲ့အာဏာပိုင်ဝါဒအောက်ရှိ ပညာရေးစနစ်အတွင်း ပုဂ္ဂလလူသား၏ အခန်းကဏ္ဍမှာ များစွာ အရေးမပါလှပေ။ ယင်းအဖွဲ့အစည်းတို့သည် လူတစ်ဦးချင်းစီထက် နိုင်ငံသားဘဝကို ပို၍ အလေးပေးသည်။ လူ့အဖွဲ့အစည်း(ဝါ) နိုင်ငံတော် ယင်း၏ ကိုယ်ပိုင်ဖြစ်သော ယဉ်ကျေးမှု၊ဘာသာတရား ၊ဘာသာစကား၊ စီးပွားရေး နယ်နမိတ်စသည့် အကန့်အသက်ပန်းတိုင်များရှိကြပါသည်။ ပညာရေးလုပ်ငန်းစဉ် သည် နိုင်ငံအဖွဲ့အစည်း၏ စံပြထားအပ်ရာ ပန်းတိုင်များသို့ရောက်ရှိစေရန် ထောက်ပံ့ပို့ဆောင်ပေးခြင်းမျိုး ဖြစ်ပါသည်။ ပုဂ္ဂလလူသားကမူ နိုင်ငံရည်မှန်းချက်ပန်းတိုင်များ သို့ ရောက်ရှိစေရန် ငြမ်းအဖြစ် အသုံးတော်ခံရန်သာဖြစ်ပါသည်။ ယင်းအခြေအနေအတွင်း လူသား၏ ကိုယ်ရည်ကိုယ်သွေး ဆိုသည်မှာ အကြွင်းမဲ့ ဝါဒပုံဖော်ပေးသည့်အတိုင်း ကြီးမားကျယ်ပြန့်သည့် လူ့ဘောင်လောကအတွင်း ကျပ်တည်းကျဉ်းမြောင်းစွာ နေထိုင်သွားရန်ပင် ဖြစ်သည်။

စင်စစ်မူ ၎င်းတို့သည် အများပြည်သူတို့ကို ကိုယ်စားမပြုဘဲ ကိုယ်ပိုင်အကျိုးစီပွားနှင့် ရည်မှန်းချက်များ အတွက် စုစည်းထားသော လူနည်းစုမျိုးသာဖြစ်သည်။ထိုသူတို့သည် အဖွဲ့ဝင်ပြည်သူတို့၏ လူမှုလွတ်လပ်မှု၊ နိုင်ငံရေးလွတ်လပ်မှုတို့ကို ထိန်းချုပ်ထားသကဲ့သို့ ပညာရေးလွတ်လပ်မှုတို့ကိုလည်း ကန့်သတ်ထားပါသည်။ ပညာရေး၏တန်ဖိုး နှုန်းစံများ၊အစီအမံများနှင့် ပတ်သတ်ပြီး လွတ်လပ်စွာဆွေးနွေးဆောင်ရွက်ခွင့် မရှိပေ။ ရှေ့တွင် ဖော်ပြထားသကဲ့သို့ တက္ကသိုလ်၊ကောလိပ်နှင့် စာသင်ကျောင်းများတွင် လည်း ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကျင့်သုံးခွင့်များမရှိပေ။ ဗဟိုအာဏာစက်၏ အစီအမံများကိုသာ ဖော်ဆောင်ရခြင်းဖြစ်သည်။ ဆရာ၊ဆရာမများသည်ပင် အထက်အဖွဲ့အစည်းအဆင့်ဆင့်က ချမှတ်ပေးလိုက်သော မူဝါဒ ဆုံးဖြတ်ချက်များကို ရှင်းလင်းရသူ၊ဝါဒဖြန့်ချိသူများသာ ဖြစ်လေသည်။

ယင်းအဖွဲ့အစည်းများ၏ ပညာရေး၊လွတ်လပ်ခွင့် ဆိုသည်မှာ အသိပညာနှင့် ပတ်သတ်ပြီး အဆုံးအစမဲ့ စည်းပူးလေ့လာနိုင်ခြင်း မဟုတ်ပေ။ ဉာဏ်ရည်ဉာဏ်သွေးပြည့်ဝပြီး မိမိကိုယ်မိမိ သိနားလည်သူများ ဖြစ်လာစေခြင်း မဟုတ်၊ပုဂ္ဂလလူသားအား လူမူအနှောင်အတည်းနှင့် ဝန်ထုပ်ဝန်ပိုးတို့မှ လွတ်မြှောက်စေခြင်းမဟုတ်။ နိုင်ငံ၏ အကျိုးစီးပွားလိုအပ်မှုအတွက် အစွမ်းကုန်ဖြည့်ဆည်းပေးရန်သာ ဖြစ်လေသည်။ လွတ်လပ်မှုဆိုသည်ကိုလည်း လူသားရပိုင်ခွင့်အဖြစ် တန်ဖိုးမထားဘဲ၊ နိုင်ငံနှင့် နိုင်ငံ့ အစိုးရ၏ အထူးအခွင့်အရေး အဖြစ်သာ သတ်မှတ်ထားပါသည်။ ဆိုလိုသည်မှာ နိုင်ငံတော်ကသာလျှင် လွတ်လပ်စွာ စီရင်ပြဌာန်းခွ င့် ရှိသည်။ လွတ်လပ်စွာ လွှမ်းမိုးချုပ်ချယ်ခွင့် ရှိသည်။ ပြည်သူပြည်သားတို့မှာကား မိမိတို့၏ ပုဂ္ဂလ လွတ်လပ်မှုကို အဆုံးရှုံးခံကြရသည်။ အကြွင်းမဲ့အာဏာပိုင် ဝါဒအောက်ရှိ ကျောင်းသင်ပညာနိငက် အမြင့်ဆုံး ကောင်းမြတ်မှုမှာ လူငယ်လူရွယ်များအား စည်းကမ်းသေဝပ်သော၊တာဝန်ကျေပွန်သော၊နိုင်ငံအတွက် စွန့်လွှတ်ရဲသော နိုင်ငံသားကောင်းများ ဖြစ်လာစေရန်ပင်ဖြစ်သည်။ သည့်အတွက် လူသား၏ အနာဂတ်ဘဝနှင့် ဖြစ်ခြေအသီးသီးတို့ ပျောက်ဆုံးနေသော အခြေအနေဟုဆိုနိုင်ပါသည်။ ယင်းသည် ကွန်မြူနစ်၊ဖက်ဆစ်နှင့် အခြားအာဏာရှင် နိုင်ငံများအတွက် များစွာ ကွဲပြားခြားနားမှု မရှိပေ။

ရေးသားသူ သူရိန်ထက်လင်း@ ဦးရဲထွဋ်
ဗဟုဝါဒ အကြွင်းမဲ့ဝါဒ နှင့်ပညာရေး
စံပါယ်ဖြူ မဂ္ဂဇင်းမှ

1 comment:

  1. The Gambling Industry Needs a Realignment - Goyangfc
    As 유흥가 the number of mgm바카라 operators that accept online 넥스트바카라 gambling increases, we believe that 벳 익스 there are more than 1,300 operators 가입머니지급사이트 that will operate online gambling

    ReplyDelete