Sunday, September 16, 2018

Financial Management for CSOs အရပ် ဖက် အဖွဲ့ အစည်း များ ၏ ဘဏ္ဍရေး ဝန်ထမ်း များ /ဘဏ္ဍရေး ဝန်ထမ်း မဟုတ်သူများအတွက် ဘဏ္ဍရေးစီမံ ခန့်  ခွဲ မူ


အရပ် ဖက် အဖွဲ့ အစည်း များ ၏ ဘဏ္ဍရေး ဝန်ထမ်း များ /ဘဏ္ဍရေး ဝန်ထမ်း မဟုတ်သူများအတွက် ဘဏ္ဍရေးစီမံ ခန့်  ခွဲ မူ -
ဘဏ္ဍာရေးရာ စီမံခန့်ခွဲမှု (Financial Management) ဆိုတာနဲ့  ...
စာရင်းအင်း ဆိုင်ရာ အချက်အလက်များ ကို မှတ်တမ်းတင် သိမ်းဆည်း ရုံ သက်သက်သာ မဟုတ်ဘဲ ဘဏ္ဍာရေးရာ စီမံခန့်ခွဲမှု သည် (Program management) စီမံကိန်း စီမံခန့်ခွဲမှုအတွက် အရေးကြီးသော အစိတ်အပိုင်း တခု ဖြစ်သကဲ့သို့ ဘဏ္ဍာရေးရာ စီမံခန့်ခွဲမှုကို ဘဏ္ဍာရေး ဝန်ထမ်းများ နှင့်သာ သက်ဆိုင်သော သီးသန့် လုပ်ဆောင်မှု ဆောင်ရွက်မှု တခု အဖြစ် သဘောမထားရန် အရေးကြီး ပါတယ် ။
အဖွဲ့အစည်းတခု ၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိစေဖို့ အတွက် ဘဏ္ဍာရေး အရင်းအမြစ် များကို-
(၁) Planning - အစီအစဉ် ရေးဆွဲခြင်း
(၂) Organising - စုစည်းအကောင်အထည်ဖော်ခြင်း
(၃) Monitoring - စောင့်ကြည့်အကဲဖြတ်ခြင်း
(၄) Controlling - ကြီးကြပ်ထိန်းချုပ်ခြင်း တို့ ပါဝင်ပါတယ် ( ဥပမာ - ဘဏ္ဍာရေးရာ စီမံခန့်ခွဲမှုသည် ယာဉ် တခုကို ပြုပြင် ထိန်းသိမ်းသည် နှင့် တူသည်။ အရည်အသွေးကောင်းသော ဆီ၊ အင်ဂျင်ဝိုင် မထည့်၊ ပုံမှန် စစ်ဆေးမှု မလုပ်လျှင် အဆိုပါယာဉ်မှာ ကောင်းမွန်စွာ လည်ပတ် လုပ်ဆောင်နိုင်မည် မဟုတ်ပဲ နောက်ဆုံးတွင် ပျက်ဆီးခြင်းသို့ ရောက်ရှိသွားမည် ဖြစ်ပေသည်။ နောက်တစ်နည်း အားဖြင့်  အဖွဲ့  မှာ ရှိနေတဲ့  ဝန်ထမ်းအားလုံး ( အဖွဲ့ အစည်း ရဲ့ အကြီးအကဲ ခေါင်းဆောင်များ က အစ အခြေခံ ဝန်ထမ်းအထိ ) အခြေခံ မူ (၇)ချက် အားလုံး လိုက်နာဆောင်ရွက် သင့်  ပါတယ် ။

အခြေခံ မူ ( ၇) ချက်
(၁) Consistency ရှေ.နောက်ညီညွတ်ခြင်း၊ တသမတ်တည်း ကျင့်သုံးခြင်း ချမှတ်ထားသော ဘဏ္ဍာရေး ပေါ်လစီများ နှင့် စည်းမျဉ်းစည်းကမ်းများသည် ရှေ့နောက်ညီညွတ် ရမည်။ တသမတ်တည်း ကျင့်သုံးရမည်။ လုပ်ငန်းများအထိရောက်ဆုံးအကောင်အထည်ဖော်နိုင်မည်ဖြစ်သလို (Report) အစီရင်ခံစာကို အမှန်ကန်ဆုံး ထုတ်နိုင်မည်။ရှေ့နောက်ညီညွတ်မှု မရှိခြင်းသည် ကျွမ်းကျင်မှု မရှိခြင်း၏ သင်္ကေတ တခုပင်ဖြစ်သည်

(၂)Accountability တာဝန်ယူမှု/တာဝန်ခံမှမိမိ၏ အစီရင်ခံစာနှင့်တကွ မိမိ၏ လုပ်ဆောင်ချက်များကို တာဝန်ယူနိုင်ခြင်းသည် ကိုယ်ကျင့် သိက္ခာနှင့် ပတ်သက်သောတရားဝင်တာဝန်တခုပင် ဖြစ်သည်။
ဘဏ္ဍာရေးရင်းမြစ်များမည်ကဲ့သို့အသုံးပြုသည်ကိုရှင်းလင်းရမည်မည်သည့်ရည်ရွယ်ချက်များ ရောက်ရှိ အောင်မြင်ခဲ့သည်ကို သက်ဆိုင်သူများအား အသိပေး ရှင်းပြရမည် ။

(၃)Transparency သိသာထင်ရှားမှု/ ပွင့်လင်းမြင်သာမအဖွဲ့အစည်းသည် မိမိ လုပ်ကိုင်နေ သမျှကို ထင်သာမြင်သာရှိစေရန် တတ်နိုင်သမျှ သတင်းထုတ်ပြန် နိုင်ရမည်ထိုသို့မဟုတ်ပါက တစုံတရာ ဖုံးကွယ်ထားသလိုမျိုး ဖြစ်နေပေမည်။

(၄)Viability(Feasibility)မိမိဘာသာရှင်သန်နိုင်ခြင်း(အလားအလာကောင်းခြင်း)အဖွဲ့အစည်းရေရှည်ရပ်တည်နိင်ရန် အတွက် ရေရှည်ငွေကြေးခိုင်မာမှုသည် အထူးအရေးကြီး လှပေသည်။ ဝင်ငွေ နှင့် ထွက်ငွေ ညီမျှရမည် ။ (Reserve Fund) အရန်ငွေများဖြစ်နိုင်လျှင် ထားရှိ နိုင်ရမည်။ သို့မှသာ (Financial security) ငွေကြေးတောင့်တင်းခိုင်မာမှု ရှိမည် ဖြစ်သည်။

(၅)Integrity ဂုဏ်သိက္ခာ ရှိမှု . အဖွဲ့အတွင်းရှိ လူတိုင်းသည် ရိုးသားစွာ၊ ဂုဏ်သိက္ခာ ရှိစွာ ရပ်တည်ရမည်။ အရာရှိများသည် စံပြဖြစ်နေစေရမည်။ မိမိ၏ ဘဏ္ဍာရေးနှင့် သက်ဆိုင်သော မှတ်တမ်းများ မှန်ကန်မှုကိုလဲ ကိုယ်တိုင် တာဝန်ယုနိုင်ရမည်။

(၆)Stewardship ကြီးကြပ်စောင့်ရှောက်မှယုံကြည်စွာ ပေးအပ်ခံထားရသည့် တာဝန်များ၊ ဘဏ္ဍာရေးအရင်းအမြစ်များကို ကောင်းစွာ ကာကွယ် ကြီးကြပ် စောင့်ရှောက်ရမည်။ ရည်ရွယ်ထားသည့် ရည်ရွယ်ချက်အတိုင်း အသုံးပြု နိုင်ရမည်။

(၇)Accounting Standards စာရင်းဆိုင်ရာ စံနှုန်းများ -နိုင်ငံတကာမှ လက်ခံထားသော စာရင်းအင်းဆိုင်ရာ စံများအတိုင်း ကျင့်သုံးရမည်။
အဖွဲ့ ၏ အကြီးဆုံး မို့  လုပ်ထုံး လုပ်နည်း တွေ ကို ကျော် လွန်ပြီး လုပ်ဆောင်ရမှာ မဟုတ် ပါဘူး အဲဓိအတွက် လဲ Finance Department ( ဘဏ္ဍရေး ဝန်ထမ်းများ မှ လုပ်ထုံး လုပ်နည်းများ ကို သမာတမတ်ကျကျ လုပ်ဆောင်နိုင်ဖို့  လဲ အရေး ကြီး ပါတယ် ။ ဘဏ္ဍရေး ဝန် ထမ်း များ သူတို့  ရဲ့  လုပ်ငန်း တာဝန်များ ကို လုပ်ဆောင်နိုင်ရန် အတွက် အဖွဲ့  စီမံ အုပ်ချူပ် လမ်းညွှန်သူများ အနေဖြင့်  လဲ (Delegated authority )အာဏာ ကို အမှန် တကယ် လွှဲ အပ်ပေး ဖို့ လို့ ပါတယ်
အဲ့ လို လွှဲ အပ်ပေးထားတယ် ဆို ရင် လဲ( Power ) စွမ်းဆောင်မူတွေ ကို ပါ လွှဲ ပြောင်းပေးအပ်ဖို့ လို့ ပါတယ် လွှဲ အပ်ပေးထား ပြီး ရင် ဆုံဖြတ် ချက် ချ ပိုင်း ခွင် ဟာ လွှဲ အပ်ခံ ယူထားသူ ပေါ် မှာ မူတည်ပါ တယ် ။
ထိန်ကျောင်း ခေါင်းဆောင်သူတွေ ဘက် မှ (Delegated Authority ) ပေး ထားသလို့  စီမံ ခန့် ခွဲ နေသူများ ဘက်မှ လဲ ( Accountability ) ကို ပြန် လည် ပေးရပါမယ် ။
ဘာတွေ ကို တာဝန်ယူမူ /ခံ မူ လုပ်ရမလဲ ဆို ရင်
(၁)ရန်ပုံငွေများကို အလွဲသုံးစားမပြုလုပ်နိုင်ရန် လိုအပ်သော ကြိုတင် ကာကွယ်မှုများကို ပြုလုပ်၍ ရန်ပုံငွေနှင့် သက်ဆိုင်သော အချက်အလက်များကို လုံခြုံစွာ ထားရမည်။(၂)အဖွဲ့အစည်းသည်၎င်းတို့၏ ရန်ပုံငွေကို မည်ကဲ့သို့အသုံးပြုသည်ကို သိခွင့်ရှိသူများထံသို့ ပုံမှန် အစီရင်ခံစာများ ပေးပို့ရမည်။
(၃) အဖွဲ့အစည်းသည်ရရှိသောရန်ပုံငွေကိုသုံးစွဲရာတွင် ငွေလက်ခံရယူခြင်း နှင့် ပေးချေခြင်း တို့အတွက် အထောက်အထား သက်သေများတင်ပြနိုင်ရန် တာဝန်ခံရမည်။
(၄) မူလရည်မှန်းထားသည့် အဖွဲ့၏ ရည်ရွယ်ချက်သို့ရောက်ရှိစေသော လုပ်ငန်းများ အတွက်သာ ရန်ပုံငွေကို အသုံးပြုကြောင်း တာဝန်ခံရမယ် စသည်တို့  ပြုလုပ် ရပါမယ် ။ ယခုအခါတွင် ထောက်ပံ့ကြေးများမှာ ရှာပါးလာသောကြောင့် အဖွဲ့အစည်းများမှာ အခြားအဖွဲ့များနှင့် အပြိုင် ထောက်ပံ့ကြေးရရှိနိုင်ရန် ကြိုးပမ်းကြရသည်။ ထို့ကြောင့် လက်ခံရရှိသော အလှူငွေများကို အဖွဲ့၏ ရည်ရွယ်ချက်ပန်းတိုင် ရောက်ရှိစေရန်အတွက် အကျိုးရှိရှိ၊ မှန်မှန်ကန်ကန် အသုံးပြုရမှာ ဖြစ်ပါတယ် ။

Reference: Mango: Practical Financial Management for NGOs, CIVICUS-Financial Control and Accountability, MCOP: Financial planning & Financial Management, Loka Ahlinn Financial Management .

ရေးသားသူ
ဒေါ်စိုးသန္တာ

No comments:

Post a Comment