Monday, September 17, 2018

ပဋိပက္ခကို တုန့်ပြန်ဖြေရှင်းသည့် ပုံစံများ


ပြိုင်ဆိုင်ခြင်း
ပြိုင်ဆိုင်ခြင်းတွင် အနိုင်ရရန် သာ အဓိကဖြစ်သည်။ တစ်ဖက်က လည်း မိမိတို့ လိုအပ်ချက်ကို ရရှိရန် အကြိတ်အနယ်ကြိုးစားသကဲ့သို့ အခြားတစ်ဖက်၊ သို့မဟုတ် အခြားဘက်များကို ထည့်သွင်းစဉ်းစားမည်မဟုတ်။ ၄င်းမှာ အနိုင်အရှုံးသာရှိမည့် အဖြစ်မျိုးဖြစ်သည်။ ထိုအခါ မိမိတို့ အနိုင်ရရန် ရှိသမျှ ကို ထုတ်သုံးကြသည်။ အလုပ် အင်တာဗျူးမျိုးမှာ ဤအခြေအနေမျိုးဖြစ်သည်။ တစ်ဥိးဦးက မိမိ အနိုင်ရရှိအောင် အစွမ်းကုန် ကြိုးစားရခြင်းကို မြင်နိုင်သည်။
Value of own issue/goal: High
Value of relationship: Low
Goal: I win, you lose

ပူးပေါင်းဆောင်ရွက်ခြင်း
ပူးပေါင်းဆောင်ရွက်ခြင်းမှာ နှစ်ဖက်လုံး၏ လိုအပ်ချက်များကို တူညီစွာ အပြည့်အဝပြေလည်စေမည့် အဖြေတစ်ခုရရှိရန် ဆောင်ရွက်ခြင်းဖြစ်သည်။ မတူသည့် နှစ်ဖက်က အတူတူ ဆုံပြီး လုပ်နိုင်သည့်အရာများ၊ အမြင်များ အယူအဆ များကို ဖြန့်ကျက်စဉ်းစားပြီး အဖြေရရှိနိုင်မည့် နေရာ တစ်ခုမှ မကျန်ရစေရန် စဉ်းစားခြင်းဖြစ်သည်။ ထိုသို့စဉ်းစားခြင်းဖြင့် နဂိုက နှစ်ဖွဲ့စလုံး မမြင်မိနိုင်သော ဖြေရှင်းနည်းများပေါ်ပေါက်လာနိုင်သည်။ အပြုအမူဆိုင်ရာ စိတ်ပညာရှင်များအားလုံးက ဤနည်းလမ်းသည်သာ အကောင်းဆုံး ဖြေရှင်းနည်းဖြစ်သည်ဟု ဆိုကြသည်။ အိမ်ထောင်သည်များအတွက် အိမ်ထောင်ရေး အကြံပေးပညာရှင်များလည်း ဤအချက်ကို အသုံးပြုကြသည်။
Value of own issue/goal: High
Value of relationship: High
Goal: I win, you win

ရှောင်ဖယ်ခြင်း
ပဋိပက္ခတွင် တက်ြွကစွာ ဖြေရှင်း ရင်ဆိုင်ရန်ထက် ဘေးထွက်လိုခြင်းက ပိုများလာလျှင် ရှောင်ဖယ်လိုကြသည်။ နှစ်ဖက်လုံး၏ လိုအပ်ချက်များ ဖြည့်ဆည်းရန်ကို စိတ်မဝင်စားတော့ဟု ဆိုလိုရင်းလည်းဖြစ်သည်။ တစ်ဖက်ဖက်က သို့မဟုတ် နှစ်ဖက်စလုံးက ပဋိပက္ခအကြောင်း မပြောလိုတော့ဘဲ ခံစားချက်ကို ဖုံးကွယ်ထားခြင်းဖြစ်သည်။ ပဋိပက္ခရှိနေကြောင်းတော့ နှစ်ဖက်လုံးက သိရှိလက်ခံကြသော်လည်း မရှင်းလိုသည့်အခါ ဖြစ်သည့် ဟန်ဖြစ်သည်။ ဥပမာ ယောကျာ်းလေး တစ်ဦးအတွက် အချင်းများဖူးသည့် မိန်းကလေး နှစ်ဦးက တစ်ဦးနှင့် တစ်ဦး မဖြစ်မနေတွေ့ရသည့်အခါ ထိုဖြစ်ခဲ့သည့် ပြဿနာကို မရှိသယောင် နေခြင်းမျိုးဖြစ်သည်။
Value of own issue/goal: Low
Value of relationship: Low
Goal: I lose, you lose

လိုက်လျောပေးလိုက်ခြင်း
ပဋိပက္ခတွင် တစ်ဖက်ဖက်က အခြားတစ်ဖက်၏ လိုအပ်ချက်များ ပြည့်ဝအောင် မိမိတို့ လိုအပ်ချက်ကို နောက်ဆုတ်ထားပြီး အခြားဘက်ကို ဦးစားပေးလိုက်ခြင်းဖြစ်သည်။ လက်ရှိ ကိစ္စရပ်တွင် အနိုင်ရယူလိုသည်ထက် နှစ်ဖက်ဆက်ဆံရေးကို ပိုမို တန်ဖိုးထားရာတွင် ဤဟန်မျိုးကို မြင်၇မည်။ ဥပမာ မိမိ အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက အစည်းအဝေးတွင် မိမိ သဘောလုံးဝ မတူသည်ကို ပြောသည်ဆိုပါစို့။ သို့သော် သူကိုယ်တိုင်က လူအများရှေ့ စကားပြောရမည်ကို ကြောက်လွန်းသောကြောင့် အထူးကြိုးစားလေ့ကျင့်ပြီးပြောနေရသေးချိန်တွင် မိမိက လုပ်ဖော်ကိုင်ဖက်အဖွဲ့ဝင်ကို သဘောမတူကြောင်း ယခု မပြောတော့ဘဲ ဆိတ်ဆိတ်နေလိုက်သည်။ သို့သော် ထိုအချက်ကို ငြင်းစရာ မရှိဟု တော့ သဘောသက်ရောက်သွားမည်ကို အနစ်နာခံပေးလိုက်ခြင်းဖြစ်သည်။
Value of own issue/goal: Low
Value relationship: High
Goal: I lose, you win

ညှိနှိုင်းခြင်း
နှစ်ဖက်လုံးက တစ်ဖက်စီ အလျှော့အတင်းလုပ်ပြီး မိမိတို့ လိုအပ်ချက် တစ်စိတ် တစ်ပိုင်းစီ ဖြည့်ဆည်းနိုင်ခြင်းဖြစ်သည်။ နှစ်ဖက်လုံး မည်သူမှ အနိုင်ရရှိခြင်းတော့မရှိ။ နှစ်ဖက်လုံးမှ မိမိတို့ လိုအပ်ချက် အချို့ ပြည့်ဝ ရန် အချို့ကို စွန့်လွှတ်ပေးရမည်ကို နှစ်ဖက် ရှင်းရှင်းလင်းလင်း သဘောတူကြသည်။ သို့သော် ထိုအခြေအနေမျိုးတွင် လူအများသည် မိမိတို့ စွန့်လွှတ်ရသည့်အရာများမှာ တကယ်ထက် ပိုမို တန်ဖိုးကြီးဟန် ဆောင်တတ်ကြသည်။
Value of own issue/goal: Medium
Value of relationship: Medium
Goal: I win some, you win some

ရေးသားသူ ဦးရဲထွဋ်
ပန်းချီ Shwe Yone

No comments:

Post a Comment