Sunday, September 16, 2018

သင်တန်းခန်းမ ဌားရမ်းခြင်း ၀န်ဆောင်မှု

မင်္ဂလာပါ ၊ ProAct Myanmarရဲ့ မိတ်ဆွေများ။

အစည်းအဝေးတွေ၊ work shop တွေ၊ Training တွေဆောင်ရွက်တဲ့အခါ စီစဉ်သူတွေအနေနဲ့ logistics preparation အတွက် ပြင်ဆင်ရတာ တကယ် မလွယ်ကူပါဘူး။

အထူးသဖြင့် အစည်းအဝေး၊ သင်တန်းခန်းမ နေရာ ရွေးချယ်တဲ့နေရာမှာ စီစဉ်သူအနေနဲ့ ...

နေရာက သွားရေးလာရေးလွယ်ကူပြီး အချက်အခြာကျတဲ့ နေရာမှာရှိရဲ့လား......။

အချက်အခြာတော့ကျပါရဲ့၊ လူအသွားအလာရှုပ်လို့...သင်တန်းခန်းမထိဆူညံသံတွေနဲ့ အနှောင့်အယှက်များ ဖြစ်နေမလား၊ ပရိုက်ဗေစီရော ရှိပါ့မလား....။

🏡ပြီးရင်၊ ခန်းမကရော ကျယ်ကျယ်ဝန်းဝန်း၊ သန့်သန့်ရှင်းရှင်းရှိရဲ့လား....။

အဲကွန်းရော ကောင်းရဲ့လား....။

Meal တွေ Refreshment တွေအတွက် ဝယ်ဖို့၊ စီစဉ်ဖို့ အဆင်ပြေပါ့မလား.....။

facilityတွေပြည့်စုံပေမဲ့ ငှါးရမ်းခတွေအရမ်းများနေလို့ ချထားတဲ့ ဘတ်ဂျက်နဲ့ လောက်ပါ့မလား.....။

စသဖြင့် စသဖြင့် စီစဉ်သူမိတ်ဆွေတွေရဲ့
သောက(concern)တွေ အခက်အခဲတွေကို နားလည်ကိုယ်ချင်းစာမှုနဲ့ ProAct Myanmar အဖွဲ့က ကူညီပံ့ပိုးပေးပါ့ရစေ။
Pro Act Myanmarရဲ့ မိတ်ဆွေများအတွက် လိုအပ်တဲ့ Facility တွေ ပံ့ပိုးပေးထားသော
ကျယ်ဝန်းသန့်ရှင်းတဲ့ ခန်းမ၊ အချက်အခြာကျပြီး Privacyရှိတဲ့ တည်နေရာမှာ၊ သင့်တင့်တဲ့ အဖိုးနှုန်းနဲ့ သင်တန်းအစည်းအဝေးခန်းမငှါးရမ်းနိုင်မည့်
အထူး ဝန်ဆောင်မှု တစ်ရပ်ကို အောက်ပါအတိုင်း မိတ်ဆက်ပေးချင်ပါတယ်...။ နေရာကတော့ မြေနီကုန်းမှတ်တိုင်ဘေးက မြေနီကုန်းဈေးလမ်းထဲ ၅မိနစ်လောက် လမ်းလျှောက်ရုံနဲ့ ရောက်နိုင်ပါတယ်။ လိပ်စာအသေးစိတ်ကိုလည်း အောက်ဖော်ပြပါ ပုံလေးမှာ ဖော်ပြထားပါတယ်။

အခြေခံဝန်ဆောင်မှုအနေနဲ့ကတော့ ၁၅ပေ- ပေ ၅၀ ကျယ်ဝန်းပြီး လူ(၃၀) စာအတွက် လုံလောက်တဲ့ စားပွဲ၊ ထိုင်ခုံတွေ ပါဝင်သည့် အဲယားကွန်းတပ်ထားသော ခန်းမကို တစ်နေ့စာ ငှါးရမ်းဖို့အတွက် မိတ်ဆွေက ကျပ် ၅၀ဝ၀ဝ
( ငါးသောင်း)မျှသာ ကျသင့်မှာဖြစ်ပါတယ်။ sound systemပါ လိုအပ်ပါက တပ်ဆင်ပေးနိုင်ပါတယ်။ နောက်ပြီး သင်တန်းသားများ သောက်သုံးရေအတွက် ရေသန့် ၂၀ လီတာ တစ်ဘူး နေ့စဉ် ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

Refreshment နဲ့ Mealအတွက် မိတ်ဆွေများ တောင်းဆိုလိုတဲ့ အပေါ်မှာ မူတည်ပြီး ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။ Meal+ Refreshment တစ်နေ့တာအတွက် ပျမ်းမျှ တစ်ဦးစီ ၆၀ဝ၀သတ်မှတ်ထားပါတယ်။

Projector နှင့်တကွ အခြား လိုအပ်သည့် Stationary များကို မိတ်ဆွေတို့၏ လိုအပ်ချက်အတိုင်း ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။
ပရိုဂျက်တာ အသုံးပြုလိုပါက တစ်နေ့လျှင် ၃၀ဝ၀ဝ
( သုံးသောင်း) ကျပ်နှင့် Stationary များအတွက် ၂၀ဝ၀ဝ
( နှစ်သောင်း) သတ်မှတ်ထားပါတယ်။

Packageတစ်ခုချင်းစီအလိုက် ပါဝင်တဲ့ အသေးစိတ် ဝန်ဆောင်မှုများကို အောက်ဖော်ပြပါ ဓာတ်ပုံအတိုင်း ထပ်မံ လေ့လာနိုင်ပါတယ်။
စိတ်ဝင်စားလို့ ကိုယ်တိုင်လာရောက် လေ့လာချင်ပါကလည်း အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ လေ့လာလို့ရပါတယ်။


09 421075998
09 978646799

No comments:

Post a Comment