Saturday, September 15, 2018

Objective ဆိုသည်မှာ


🎁 အသင်းအဖွဲ့တည်ဆောက်ရာမှာပဲဖြစ်ဖြစ် စီမံချက် အကောင်အထည်ဖေါ်ရာမှာပဲဖြစ်ဖြစ်
🎁 ရည်ရွယ်ချက် ရည်မှန်းချက်တွေထားတတ်ကြပါတယ်။
🎁 ဒီလိုထားတဲ့နေရာမှ လတ်တလောရလာဒ်ကိုကို ကြည့်ခြင်း ရေရှည်သက်ရောက်မှုကိုမျော်မှန်းခြင်းဆိုပြီး သတ်မှတ်ချက်တွေလည်းရှိပါတယ်။
🎁 ရေရှည်အပြောင်းအလည်းကို မျော်မှန်းထားတာဆို Development Objective လို့ဆိုပါတယ်။
🎁 တနည်းအားဖြင့် လူအဖွဲ့အစည်းအတွက် အပြောင်းအလဲတခုခု ကိုဦးတည်ပြောင်းလည်းခြင်းပါ။
🎁 အသိပညာ တန်ဖိုးထားမှု အပြုအမူနဲ့ လူမှုဘဝနေထိုင်မှု အဆင်အတန်းများ မြင့်မားလာအောင်ရည်ရွယ်ရတာပါ။
🎁 အဖွဲ့ အစည်းမှာဆို Vision, Program မှာဆို Goal, Projects မှာဆိုOverall Objective ပေါ့။
🎁 နောက်တခုက Action/ Project Objective ပါ။ သူက လုပ်ငန်းရလာဒ်။ ကာလတိုအကျိုးရှိအောင်လုပ်တာပါ။
🎁 သိသွားမယ် တတ်သွားမယ်  လူမှုဒုက္ခတွေ နည်းပါးသက်သာလာမယ် စသဖြင့်ပေါ့။
🎁 Project Specific Objective လို့လည်းဆိုပါတယ်။
🎁 Output ရအောင် Result ရအောင်လုပ်တာ ။
🎁  နောက် ကျွန်တော်တို့မေနေတတ်တာ တခုက Organizational Objective မိမိအဖွဲ့အစည်းဟာ ဘယ်လိုအဖွဲအစည်းမျိုးဖြစ်ရမယ်။
🎁 ဘယ်အပိုင်းတွေမှာ professional ဖြစ်ရမယ်။
🎁 ဘယ်လို တာဝန်ခံမှုမျိုးနဲ့ Quality Management စနစ်မျိုးဆောက်ရမယ်။
🎁 ကွန်မြူနတီနဲ့ သက်ဆိုင်သူ stakeholders တွေမှာ ဘယ်လိုပုံရိပ်မျိုးနဲ့ရပ်တည်မယ်ဆိုတာတွေပါ။
🎁 မိမိအဖွဲ့အစည်းက ဘာလုပ်ငန်းပဲလုပ်လုပ် ဘာစီမံကိန်းတွေပဲ အကောင်ထည်ဖ်ါဖေါ် ဒီorganizational objective ကို မျက်ခြေပြတ်လို့မရပါဘူး။

ရေးသားသူ
ဦးရဲထွဋ်

No comments:

Post a Comment