Tuesday, September 18, 2018

Network Partners ထည့္သြင္းစဥ္းစားရမည့္မ်ား

Network Partners ထည့္သြင္းစဥ္းစားရမည့္မ်ား
1) တင္ႀကိဳရွိေနတဲ့လူမွုအရင္းမ်ား (Pre-existing social capital)
အတူအလုပ္္လုပ္ဖူးတဲ့အေတြ႕အၾကဳံ၊ အျပန္အလွန္အလွန္ယုံၾကည္နားလည္မွု၊အားလုံး လက္ခံနိုင္တဲ့တန္ဖိုးႏွုံးစံ ေတြပါ၀င္ပါမယ္။

2) မဟာဗ်ဴဟာအရ အံဝင္ခြင္က်ျဖစ္မွု (Strategic fit)
ပေရာဂ်က္ရည္မွန္းခ်က္ေတြဟာ မိတ္ဖက္အဖြဲ႕အစည္းမ်ား၊ ေကာင္းက်ိဳးဆိုးက်ိဳးပါ၀င္ပါတ္သက္သူမ်ားရဲ့ လိုအပ္ခ်က္မ်ားနဲ႔ ျပသနာမ်ားကို ထင္ဟပ္ေနဖို႔လိုပါတယ္။ အေကာင္အထည္ေဖၚမယ့္ နည္းလည္းမ်ား ကိုလည္းအပ္ခ်က္မ်ားနဲ႔ကိုက္ညီစြာ ခ်မွတ္ေဖၚေဆာင္သင့္ပါတယ္။ စီမံကိန္းမ်ားမွာ ဆင့္ပြားတန္ဖိုးမ်ားရွိေနဖို႔ လိုၿပီး၊(meaningful value-added) မိတ္ဖက္အဖြဲ႕အစည္းမ်ားၾကား အတူေဆာင္ရြက္ေအာင္ျမင္မွုဆိုတဲ့ ခံစားမွုမ်ိဳးရရ်ိဖို႔လိုပါတယ္။ မိတ္ဖက္ပါတနာေတြၾကားမွာ အရင္းအျမစ္မ်ားနဲ႔ နည္းပညာ၊စြမ္းေဆာင္ရည္ေတြ ထည့္ဝင္ၿပီးေဆာင္ရြက္ဖို႔လိုပါတယ္။ အခ်င္းအခ်င္း ၿပိဳင္ဆိုင္မွုမ်ားကို ေရွာင္ရွားဖို႔ overlap ေတြမျဖစ္ဖို႔ လိုပါတယ္။

3) အလွူရွင္မ်ားနဲ႔ဆက္ဆံေရး (Donor Relationship)
အလွူရွင္အဖြဲ႕အေနနဲ႔ ေငြေၾကအရင္းအျမစ္နဲ႔ အျခားအေထာက္အပံေတြေပးတဲ့ေနရာမွာ ထိန္းခ်ဳပ္၊က်ပ္မွတ္၊ လမ္းညြန္မွုေတြျပဳမေနရပါဘူး။ စာခ်ဳပ္စာတမ္း၊ မူဝါဒအေကာင္ထည္ေဖၚမွုကအစ၊ ေစာင့္ၾကည့္ျခင္း၊အစီရင္ခံ ျခင္းတို႔မွာပါျပဳလြယ္ျပင္လြယ္ျဖစ္ဖို႔လိုပါတယ္။ Donor-Implementator ထက္၊ အျပန္အလွန္တာဝန္ခံမွု ျမင့္ တင္တာမ်ိဳးေတြလုပ္သင့္ပါတယ္။

4) ေခါင္းေဆာင္မွုအပိုင္းရဲ့တာဝန္ယူမွု (Leadership commitment)
မိတ္ဖက္ဖြဲ႕စည္း နက္ေဝါ့ခ္ တည္ေဆာက္တဲ့ေနရာမွာ၊ အဖြဲ႕အစည္းရဲ့ေခါင္းေဆာင္ေတြ၊ အႀကီးတန္းစီမံခံခြဲမွု အရာရွိ ေတြကိုယ္တိုင္ပါ၀င္ေဆာင္ရြက္ဖို႔လိုပါတယ္။ မဟာဗ်ဴဟာခ်မွတ္တဲ့ေနရာမွာပဲျဖစိျဖစ္၊ နည္းပညာပိုင္း အကူအညီေပးတာပဲျဖစ္ျဖစ္၊ အဖြဲ႕အစည္ကိုယ္စားပါ၀င္ေဆာင္ရြက္တဲ့အဖြဲ႕ဝင္မ်ားကို စိတ္ခြန္အားေပးတာ ျဖစ္ျဖစ္ ေခါင္းေဆာင္မွုပိုင္းကတာဝန္သိသိ ေဆာင္ရြက္ေပးရမွာပါ။ ဒါမွလည္း accountable partnership ျဖစ္လာမွာပါ။

5) ထိန္းေၾကာင္းမွု၊စီမံခံခြဲမွု (Governance & Management)
မိတ္ဖက္အဖြဲ႕အစည္းမ်ားအေနနဲ႔ ကိုယ္စားျပဳျခင္းနဲ႔ တာဝန္ခံမွုတို႔ျမႇင့္တင္ရန္အတြက္ Share control လုပ္သင့္ပါတယ္။ ထိန္းေၾကာင္းမွုက မွုဝါဒအဆင့္၊ မဟာဗ်ဴဟာအဆင့္ ဆုံးျဖတ္ခ်က္မ်ားခ်မွတ္ရာမွာ အႀကံဳးဝင္ၿပီး၊ စီမံခံခြဲ႕မွုက ေနစဥ္လုပ္ငန္းအေကာင္အထည္ေဖၚမွုမ်ား၊ ညႇိနိုင္းျခင္း၊ဆက္သြယ္ေဆာင္ရြက္ျခင္း၊ သတင္းအခ်က္အလက္ဖလွယ္ျခင္းအပိုင္းေတြမွာ တာဝန္ခံရမွာပါ။

6) အျပန္အလွန္ယုံၾကည္မွု (Mutual Trust)
မိတ္ဖက္အဖြဲ႕အစည္းမ်ားအေနနဲ႔ သေဘာတူညီထာတာေတြအေပၚ အေကာင္အထည္ေဖၚနိုင္ဖို႔၊ အရည္အေသြး ျပည့္မွီစြာ ေဆာင္ရြက္နိုင္ဖို႔ ယုံၾကည္မွုထားရမွာျဖစ္ပါတယ္။ အျပန္အလွန္ယုံၾကည္မွုကို အလုပ္နဲ႔သက္ေသျပရင္း တည္ေဆာက္ရမွာပါ။

7) အတူသင္ယူ (Joint Learning)
မိတ္ဖက္အဖြဲ႕အစည္းမ်ားအေနနဲ႔ အေတြ႕အႀကံဳသစ္ေတြ၊ စီမံကိန္းသစ္ေတြ၊ ေနရာေဒသသစ္ေတြမွာ အလုပ္လုပ္ရင္း အျပန္အလွန္သင္ယူၾကရမွာျဖစ္ပါတယ္။ လုပ္ငန္းအေကာ္ငအထည္ေဖၚဖို႔ အတူတူ အခ်က္အလက္ေကာက္ယူျခင္းမွစတင္ၿပီး၊ မိ္တ္ဖက္တည္ေဆာက္ျခင္၊ အဖြဲ႕အစည္းနဲ႔စနစ္တည္ေဆာက္ျခင္း၊ ျပသနာမ်ားကို အတူတကြေျဖရွင္းျခင္တို႔ အထိ အတူသင္ယူတည္ေဆာက္နိုင္ၾကမွာပါ။

ေရးသားသူ ဦးရဲထြဋ္

--------------------------------------------------------------------------------------------------------------
Unicode Version

Network Partners ထည့်သွင်းစဉ်းစားရမည့်များ

1) တင်ကြိုရှိနေတဲ့လူမှုအရင်းများ (Pre-existing social capital)
အတူအလုပ််လုပ်ဖူးတဲ့အတွေ့အကြုံ၊ အပြန်အလှန်အလှန်ယုံကြည်နားလည်မှု၊အားလုံး လက်ခံနိုင်တဲ့တန်ဖိုးနှုံးစံ တွေပါ၀င်ပါမယ်။

2) မဟာဗျူဟာအရ အံဝင်ခွင်ကျဖြစ်မှု (Strategic fit)
ပရောဂျက်ရည်မှန်းချက်တွေဟာ မိတ်ဖက်အဖွဲ့အစည်းများ၊ ကောင်းကျိုးဆိုးကျိုးပါ၀င်ပါတ်သက်သူများရဲ့ လိုအပ်ချက်များနဲ့ ပြသနာများကို ထင်ဟပ်နေဖို့လိုပါတယ်။ အကောင်အထည်ဖေါ်မယ့် နည်းလည်းများ ကိုလည်းအပ်ချက်များနဲ့ကိုက်ညီစွာ ချမှတ်ဖေါ်ဆောင်သင့်ပါတယ်။ စီမံကိန်းများမှာ ဆင့်ပွားတန်ဖိုးများရှိနေဖို့ လိုပြီး၊(meaningful value-added) မိတ်ဖက်အဖွဲ့အစည်းများကြား အတူဆောင်ရွက်အောင်မြင်မှုဆိုတဲ့ ခံစားမှုမျိုးရရျိဖို့လိုပါတယ်။ မိတ်ဖက်ပါတနာတွေကြားမှာ အရင်းအမြစ်များနဲ့ နည်းပညာ၊စွမ်းဆောင်ရည်တွေ ထည့်ဝင်ပြီးဆောင်ရွက်ဖို့လိုပါတယ်။ အချင်းအချင်း ပြိုင်ဆိုင်မှုများကို ရှောင်ရှားဖို့ overlap တွေမဖြစ်ဖို့ လိုပါတယ်။

3) အလှူရှင်များနဲ့ဆက်ဆံရေး (Donor Relationship)
အလှူရှင်အဖွဲ့အနေနဲ့ ငွေကြေအရင်းအမြစ်နဲ့ အခြားအထောက်အပံတွေပေးတဲ့နေရာမှာ ထိန်းချုပ်၊ကျပ်မှတ်၊ လမ်းညွန်မှုတွေပြုမနေရပါဘူး။ စာချုပ်စာတမ်း၊ မူဝါဒအကောင်ထည်ဖေါ်မှုကအစ၊ စောင့်ကြည့်ခြင်း၊အစီရင်ခံ ခြင်းတို့မှာပါပြုလွယ်ပြင်လွယ်ဖြစ်ဖို့လိုပါတယ်။ Donor-Implementator ထက်၊ အပြန်အလှန်တာဝန်ခံမှု မြင့် တင်တာမျိုးတွေလုပ်သင့်ပါတယ်။

4) ခေါင်းဆောင်မှုအပိုင်းရဲ့တာဝန်ယူမှု (Leadership commitment)
မိတ်ဖက်ဖွဲ့စည်း နက်ဝေါ့ခ် တည်ဆောက်တဲ့နေရာမှာ၊ အဖွဲ့အစည်းရဲ့ခေါင်းဆောင်တွေ၊ အကြီးတန်းစီမံခံခွဲမှု အရာရှိ တွေကိုယ်တိုင်ပါ၀င်ဆောင်ရွက်ဖို့လိုပါတယ်။ မဟာဗျူဟာချမှတ်တဲ့နေရာမှာပဲဖြစိဖြစ်၊ နည်းပညာပိုင်း အကူအညီပေးတာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်ကိုယ်စားပါ၀င်ဆောင်ရွက်တဲ့အဖွဲ့ဝင်များကို စိတ်ခွန်အားပေးတာ ဖြစ်ဖြစ် ခေါင်းဆောင်မှုပိုင်းကတာဝန်သိသိ ဆောင်ရွက်ပေးရမှာပါ။ ဒါမှလည်း accountable partnership ဖြစ်လာမှာပါ။

5) ထိန်းကြောင်းမှု၊စီမံခံခွဲမှု (Governance & Management)
မိတ်ဖက်အဖွဲ့အစည်းများအနေနဲ့ ကိုယ်စားပြုခြင်းနဲ့ တာဝန်ခံမှုတို့မြှင့်တင်ရန်အတွက် Share control လုပ်သင့်ပါတယ်။ ထိန်းကြောင်းမှုက မှုဝါဒအဆင့်၊ မဟာဗျူဟာအဆင့် ဆုံးဖြတ်ချက်များချမှတ်ရာမှာ အကြုံးဝင်ပြီး၊ စီမံခံခွဲ့မှုက နေစဉ်လုပ်ငန်းအကောင်အထည်ဖေါ်မှုများ၊ ညှိနိုင်းခြင်း၊ဆက်သွယ်ဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်ဖလှယ်ခြင်းအပိုင်းတွေမှာ တာဝန်ခံရမှာပါ။

6) အပြန်အလှန်ယုံကြည်မှု (Mutual Trust)
မိတ်ဖက်အဖွဲ့အစည်းများအနေနဲ့ သဘောတူညီထာတာတွေအပေါ် အကောင်အထည်ဖေါ်နိုင်ဖို့၊ အရည်အသွေး ပြည့်မှီစွ ဆောင်ရွက်နိုင်ဖို့ ယုံကြည်မှုထားရမှာဖြစ်ပါတယ်။ အပြန်အလှန်ယုံကြည်မှုကို အလုပ်နဲ့သက်သေပြရင်း တည်ဆောက်ရမှာပါ။

7) အတူသင်ယူ (Joint Learning)
မိတ်ဖက်အဖွဲ့အစည်းများအနေနဲ့ အတွေ့အကြံုသစ်တွေ၊ စီမံကိန်းသစ်တွေ၊ နေရာဒေသသစ်တွေမှာ အလုပ်လုပ်ရင်း အပြန်အလှန်သင်ယူကြရမှာဖြစ်ပါတယ်။ လုပ်ငန်းအကော်ငအထည်ဖေါ်ဖို့ အတူတူ အချက်အလက်ကောက်ယူခြင်းမှစတင်ပြီး၊ မိ်တ်ဖက်တည်ဆောက်ခြင်၊ အဖွဲ့အစည်းနဲ့စနစ်တည်ဆောက်ခြင်း၊ ပြသနာများကို အတူတကွဖြေရှင်းခြင်တို့ အထိ အတူသင်ယူတည်ဆောက်နိုင်ကြမှာပါ။

ရေးသားသူ ဦးရဲထွဋ်

No comments:

Post a Comment