Tuesday, September 18, 2018

Network Partners ထည့္သြင္းစဥ္းစားရမည့္မ်ား

Network Partners ထည့္သြင္းစဥ္းစားရမည့္မ်ား
1) တင္ႀကိဳရွိေနတဲ့လူမွုအရင္းမ်ား (Pre-existing social capital)
အတူအလုပ္္လုပ္ဖူးတဲ့အေတြ႕အၾကဳံ၊ အျပန္အလွန္အလွန္ယုံၾကည္နားလည္မွု၊အားလုံး လက္ခံနိုင္တဲ့တန္ဖိုးႏွုံးစံ ေတြပါ၀င္ပါမယ္။

2) မဟာဗ်ဴဟာအရ အံဝင္ခြင္က်ျဖစ္မွု (Strategic fit)
ပေရာဂ်က္ရည္မွန္းခ်က္ေတြဟာ မိတ္ဖက္အဖြဲ႕အစည္းမ်ား၊ ေကာင္းက်ိဳးဆိုးက်ိဳးပါ၀င္ပါတ္သက္သူမ်ားရဲ့ လိုအပ္ခ်က္မ်ားနဲ႔ ျပသနာမ်ားကို ထင္ဟပ္ေနဖို႔လိုပါတယ္။ အေကာင္အထည္ေဖၚမယ့္ နည္းလည္းမ်ား ကိုလည္းအပ္ခ်က္မ်ားနဲ႔ကိုက္ညီစြာ ခ်မွတ္ေဖၚေဆာင္သင့္ပါတယ္။ စီမံကိန္းမ်ားမွာ ဆင့္ပြားတန္ဖိုးမ်ားရွိေနဖို႔ လိုၿပီး၊(meaningful value-added) မိတ္ဖက္အဖြဲ႕အစည္းမ်ားၾကား အတူေဆာင္ရြက္ေအာင္ျမင္မွုဆိုတဲ့ ခံစားမွုမ်ိဳးရရ်ိဖို႔လိုပါတယ္။ မိတ္ဖက္ပါတနာေတြၾကားမွာ အရင္းအျမစ္မ်ားနဲ႔ နည္းပညာ၊စြမ္းေဆာင္ရည္ေတြ ထည့္ဝင္ၿပီးေဆာင္ရြက္ဖို႔လိုပါတယ္။ အခ်င္းအခ်င္း ၿပိဳင္ဆိုင္မွုမ်ားကို ေရွာင္ရွားဖို႔ overlap ေတြမျဖစ္ဖို႔ လိုပါတယ္။

3) အလွူရွင္မ်ားနဲ႔ဆက္ဆံေရး (Donor Relationship)
အလွူရွင္အဖြဲ႕အေနနဲ႔ ေငြေၾကအရင္းအျမစ္နဲ႔ အျခားအေထာက္အပံေတြေပးတဲ့ေနရာမွာ ထိန္းခ်ဳပ္၊က်ပ္မွတ္၊ လမ္းညြန္မွုေတြျပဳမေနရပါဘူး။ စာခ်ဳပ္စာတမ္း၊ မူဝါဒအေကာင္ထည္ေဖၚမွုကအစ၊ ေစာင့္ၾကည့္ျခင္း၊အစီရင္ခံ ျခင္းတို႔မွာပါျပဳလြယ္ျပင္လြယ္ျဖစ္ဖို႔လိုပါတယ္။ Donor-Implementator ထက္၊ အျပန္အလွန္တာဝန္ခံမွု ျမင့္ တင္တာမ်ိဳးေတြလုပ္သင့္ပါတယ္။

4) ေခါင္းေဆာင္မွုအပိုင္းရဲ့တာဝန္ယူမွု (Leadership commitment)
မိတ္ဖက္ဖြဲ႕စည္း နက္ေဝါ့ခ္ တည္ေဆာက္တဲ့ေနရာမွာ၊ အဖြဲ႕အစည္းရဲ့ေခါင္းေဆာင္ေတြ၊ အႀကီးတန္းစီမံခံခြဲမွု အရာရွိ ေတြကိုယ္တိုင္ပါ၀င္ေဆာင္ရြက္ဖို႔လိုပါတယ္။ မဟာဗ်ဴဟာခ်မွတ္တဲ့ေနရာမွာပဲျဖစိျဖစ္၊ နည္းပညာပိုင္း အကူအညီေပးတာပဲျဖစ္ျဖစ္၊ အဖြဲ႕အစည္ကိုယ္စားပါ၀င္ေဆာင္ရြက္တဲ့အဖြဲ႕ဝင္မ်ားကို စိတ္ခြန္အားေပးတာ ျဖစ္ျဖစ္ ေခါင္းေဆာင္မွုပိုင္းကတာဝန္သိသိ ေဆာင္ရြက္ေပးရမွာပါ။ ဒါမွလည္း accountable partnership ျဖစ္လာမွာပါ။

5) ထိန္းေၾကာင္းမွု၊စီမံခံခြဲမွု (Governance & Management)
မိတ္ဖက္အဖြဲ႕အစည္းမ်ားအေနနဲ႔ ကိုယ္စားျပဳျခင္းနဲ႔ တာဝန္ခံမွုတို႔ျမႇင့္တင္ရန္အတြက္ Share control လုပ္သင့္ပါတယ္။ ထိန္းေၾကာင္းမွုက မွုဝါဒအဆင့္၊ မဟာဗ်ဴဟာအဆင့္ ဆုံးျဖတ္ခ်က္မ်ားခ်မွတ္ရာမွာ အႀကံဳးဝင္ၿပီး၊ စီမံခံခြဲ႕မွုက ေနစဥ္လုပ္ငန္းအေကာင္အထည္ေဖၚမွုမ်ား၊ ညႇိနိုင္းျခင္း၊ဆက္သြယ္ေဆာင္ရြက္ျခင္း၊ သတင္းအခ်က္အလက္ဖလွယ္ျခင္းအပိုင္းေတြမွာ တာဝန္ခံရမွာပါ။

6) အျပန္အလွန္ယုံၾကည္မွု (Mutual Trust)
မိတ္ဖက္အဖြဲ႕အစည္းမ်ားအေနနဲ႔ သေဘာတူညီထာတာေတြအေပၚ အေကာင္အထည္ေဖၚနိုင္ဖို႔၊ အရည္အေသြး ျပည့္မွီစြာ ေဆာင္ရြက္နိုင္ဖို႔ ယုံၾကည္မွုထားရမွာျဖစ္ပါတယ္။ အျပန္အလွန္ယုံၾကည္မွုကို အလုပ္နဲ႔သက္ေသျပရင္း တည္ေဆာက္ရမွာပါ။

7) အတူသင္ယူ (Joint Learning)
မိတ္ဖက္အဖြဲ႕အစည္းမ်ားအေနနဲ႔ အေတြ႕အႀကံဳသစ္ေတြ၊ စီမံကိန္းသစ္ေတြ၊ ေနရာေဒသသစ္ေတြမွာ အလုပ္လုပ္ရင္း အျပန္အလွန္သင္ယူၾကရမွာျဖစ္ပါတယ္။ လုပ္ငန္းအေကာ္ငအထည္ေဖၚဖို႔ အတူတူ အခ်က္အလက္ေကာက္ယူျခင္းမွစတင္ၿပီး၊ မိ္တ္ဖက္တည္ေဆာက္ျခင္၊ အဖြဲ႕အစည္းနဲ႔စနစ္တည္ေဆာက္ျခင္း၊ ျပသနာမ်ားကို အတူတကြေျဖရွင္းျခင္တို႔ အထိ အတူသင္ယူတည္ေဆာက္နိုင္ၾကမွာပါ။

ေရးသားသူ ဦးရဲထြဋ္

--------------------------------------------------------------------------------------------------------------
Unicode Version

Network Partners ထည့်သွင်းစဉ်းစားရမည့်များ

1) တင်ကြိုရှိနေတဲ့လူမှုအရင်းများ (Pre-existing social capital)
အတူအလုပ််လုပ်ဖူးတဲ့အတွေ့အကြုံ၊ အပြန်အလှန်အလှန်ယုံကြည်နားလည်မှု၊အားလုံး လက်ခံနိုင်တဲ့တန်ဖိုးနှုံးစံ တွေပါ၀င်ပါမယ်။

2) မဟာဗျူဟာအရ အံဝင်ခွင်ကျဖြစ်မှု (Strategic fit)
ပရောဂျက်ရည်မှန်းချက်တွေဟာ မိတ်ဖက်အဖွဲ့အစည်းများ၊ ကောင်းကျိုးဆိုးကျိုးပါ၀င်ပါတ်သက်သူများရဲ့ လိုအပ်ချက်များနဲ့ ပြသနာများကို ထင်ဟပ်နေဖို့လိုပါတယ်။ အကောင်အထည်ဖေါ်မယ့် နည်းလည်းများ ကိုလည်းအပ်ချက်များနဲ့ကိုက်ညီစွာ ချမှတ်ဖေါ်ဆောင်သင့်ပါတယ်။ စီမံကိန်းများမှာ ဆင့်ပွားတန်ဖိုးများရှိနေဖို့ လိုပြီး၊(meaningful value-added) မိတ်ဖက်အဖွဲ့အစည်းများကြား အတူဆောင်ရွက်အောင်မြင်မှုဆိုတဲ့ ခံစားမှုမျိုးရရျိဖို့လိုပါတယ်။ မိတ်ဖက်ပါတနာတွေကြားမှာ အရင်းအမြစ်များနဲ့ နည်းပညာ၊စွမ်းဆောင်ရည်တွေ ထည့်ဝင်ပြီးဆောင်ရွက်ဖို့လိုပါတယ်။ အချင်းအချင်း ပြိုင်ဆိုင်မှုများကို ရှောင်ရှားဖို့ overlap တွေမဖြစ်ဖို့ လိုပါတယ်။

3) အလှူရှင်များနဲ့ဆက်ဆံရေး (Donor Relationship)
အလှူရှင်အဖွဲ့အနေနဲ့ ငွေကြေအရင်းအမြစ်နဲ့ အခြားအထောက်အပံတွေပေးတဲ့နေရာမှာ ထိန်းချုပ်၊ကျပ်မှတ်၊ လမ်းညွန်မှုတွေပြုမနေရပါဘူး။ စာချုပ်စာတမ်း၊ မူဝါဒအကောင်ထည်ဖေါ်မှုကအစ၊ စောင့်ကြည့်ခြင်း၊အစီရင်ခံ ခြင်းတို့မှာပါပြုလွယ်ပြင်လွယ်ဖြစ်ဖို့လိုပါတယ်။ Donor-Implementator ထက်၊ အပြန်အလှန်တာဝန်ခံမှု မြင့် တင်တာမျိုးတွေလုပ်သင့်ပါတယ်။

4) ခေါင်းဆောင်မှုအပိုင်းရဲ့တာဝန်ယူမှု (Leadership commitment)
မိတ်ဖက်ဖွဲ့စည်း နက်ဝေါ့ခ် တည်ဆောက်တဲ့နေရာမှာ၊ အဖွဲ့အစည်းရဲ့ခေါင်းဆောင်တွေ၊ အကြီးတန်းစီမံခံခွဲမှု အရာရှိ တွေကိုယ်တိုင်ပါ၀င်ဆောင်ရွက်ဖို့လိုပါတယ်။ မဟာဗျူဟာချမှတ်တဲ့နေရာမှာပဲဖြစိဖြစ်၊ နည်းပညာပိုင်း အကူအညီပေးတာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်ကိုယ်စားပါ၀င်ဆောင်ရွက်တဲ့အဖွဲ့ဝင်များကို စိတ်ခွန်အားပေးတာ ဖြစ်ဖြစ် ခေါင်းဆောင်မှုပိုင်းကတာဝန်သိသိ ဆောင်ရွက်ပေးရမှာပါ။ ဒါမှလည်း accountable partnership ဖြစ်လာမှာပါ။

5) ထိန်းကြောင်းမှု၊စီမံခံခွဲမှု (Governance & Management)
မိတ်ဖက်အဖွဲ့အစည်းများအနေနဲ့ ကိုယ်စားပြုခြင်းနဲ့ တာဝန်ခံမှုတို့မြှင့်တင်ရန်အတွက် Share control လုပ်သင့်ပါတယ်။ ထိန်းကြောင်းမှုက မှုဝါဒအဆင့်၊ မဟာဗျူဟာအဆင့် ဆုံးဖြတ်ချက်များချမှတ်ရာမှာ အကြုံးဝင်ပြီး၊ စီမံခံခွဲ့မှုက နေစဉ်လုပ်ငန်းအကောင်အထည်ဖေါ်မှုများ၊ ညှိနိုင်းခြင်း၊ဆက်သွယ်ဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်ဖလှယ်ခြင်းအပိုင်းတွေမှာ တာဝန်ခံရမှာပါ။

6) အပြန်အလှန်ယုံကြည်မှု (Mutual Trust)
မိတ်ဖက်အဖွဲ့အစည်းများအနေနဲ့ သဘောတူညီထာတာတွေအပေါ် အကောင်အထည်ဖေါ်နိုင်ဖို့၊ အရည်အသွေး ပြည့်မှီစွ ဆောင်ရွက်နိုင်ဖို့ ယုံကြည်မှုထားရမှာဖြစ်ပါတယ်။ အပြန်အလှန်ယုံကြည်မှုကို အလုပ်နဲ့သက်သေပြရင်း တည်ဆောက်ရမှာပါ။

7) အတူသင်ယူ (Joint Learning)
မိတ်ဖက်အဖွဲ့အစည်းများအနေနဲ့ အတွေ့အကြံုသစ်တွေ၊ စီမံကိန်းသစ်တွေ၊ နေရာဒေသသစ်တွေမှာ အလုပ်လုပ်ရင်း အပြန်အလှန်သင်ယူကြရမှာဖြစ်ပါတယ်။ လုပ်ငန်းအကော်ငအထည်ဖေါ်ဖို့ အတူတူ အချက်အလက်ကောက်ယူခြင်းမှစတင်ပြီး၊ မိ်တ်ဖက်တည်ဆောက်ခြင်၊ အဖွဲ့အစည်းနဲ့စနစ်တည်ဆောက်ခြင်း၊ ပြသနာများကို အတူတကွဖြေရှင်းခြင်တို့ အထိ အတူသင်ယူတည်ဆောက်နိုင်ကြမှာပါ။

ရေးသားသူ ဦးရဲထွဋ်

Monday, September 17, 2018

မၾကာခင္လုပ္ငန္းခြင္ဝင္ေရာက္မည္ ့ လူငယ္ေတြအတြက္ (personal Interview )ေမးခြန္းမ်ား


Interviewေမးခြန္းေတြက.......... ကိုယ္ေလၽွာက္တဲ ့ရာထူးနဲ ့အလုပ္တာဝန္ေတြေပၚမူတည္ၿပီး ေမးခြန္းေတြကို ေမးၾကပါတယ္ဒီမွာေတာ့ မ်ားေသာ အား ျဖင္ ့လုပ္ငန္းခြင္  ဝင္ေရာက္ဖို ့ ႀကိဳ တင္ျပင္ဆင္ေနသူေတြနဲ ့ HR Department မွာ အေတြ ့အၾကဳံ မရွိေသးတဲ ့သူေတြအတြက္ ရည္ရြယ္ထားပါတယ္

အင္တာဗ်ဴး ေမးခြန္းေတြက ဒီအေၾကာင္း အရာေတြကို အေျခခံထား ေမးၾကပါတယ္ (Education, Experience, Social Skill, Team work , Knowledge, Technical skills ) စသည့္ တို႔ကို သိရွိ နိုင္မဲ ့ေမးခြန္းေတြကို ေမးတတ္ၾကပါတယ္ ဒီမွာေတာ့ နမူနာေမးခြန္းေလးေတြကို ေဖာ္ျပထားပါတယ္ ၊ တစ္ခ်ိဳ ့ေမးခြန္းေတြမွာ ေျဖပုံ ေျဖနည္းေလးေတြပါ ေျပာထားပါတယ္

(၁) ကိုယ္အေၾကာင္းကို ေျပာျပပါ ဆိုတဲ ့ ေမးခြန္းမ်ိဳး ?။(ဒီေမးခြန္းေတြက အင္တာဗ်ဴးတိုင္းမွာ လိုလို ေမးတတ္ၾကပါတယ္ )
အခု လူေတြ ့ေမးေနတဲ ့ အလုပ္နဲ ့သက္ဆိုင္တဲ ့မိမိလုပ္ခဲ ့ဖူးတဲ ့ အေၾကာင္းမ်ား၊ မိမိတာဝန္ယူခဲ ့ေသာ အလုပ္အကိုင္မ်ား ၊ တတ္ေျမာက္ခဲ ့တဲ ့ပညာအရည္အခ်င္းေတြ ၊ တတ္ေရာက္ခဲ ့ ေသာ အတတ္ပညာဆိုင္ရာ သင္တန္းေတြ ကို ဟိုး အခ်ိန္းကိုယ္စၿပီးသင္ယူတယ္ လုပ္ကိုင္တယ္ ဆိုးကတည္းက ေန အခု ခ်ိန္ထိ ေျပာျပသင္ ့ပါတယ္ ။ ေျပာတယ္ အခါမွာလည္ ေျဖးေျဖးမွန္မွန္ေျပာသင္ ့ပါတယ ္။

(၂) ဘာေၾကာင္ ့ အရင္အလုပ္က ထြက္ခဲ ့သလဲ ဆိုတဲ ့ ေမးခြန္းမ်ိဳး ? ( တစ္ခါမွ အလုပ္အေတြ ့အႀကံဳ မရွိ တဲ ့ သူေတြဆို ဒီေမးခြန္း ကို ေမးဖို ့မလိုပါ )
ဒီလို ေမးခြန္းမ်ိဴးကို ၾကေတာ့ ….
အေျခအေနဘယ္လိုပဲ ရွိခဲ ့ပါေစ အေကာင္းအျမင္အေနအထားရ ေျပာသင္ ့ပါတယ္ ။(ဥပမာ - စီမံခန္ ့ခြဲ မူ အဖြဲ ့ရဲ ့ျပႆနာ ၊ ႀကီးၾကပ္သူမ်ား (သို ့) လုပ္ေဖာ္ကိုင္ဖက္နဲ ့အဆင္မေၿပ မူေတြလဲ ရွိရင္လဲ ရွိခဲ ့မွာေပါ ့ )အဲ ဒီအေၾကာင္းအရာေတြကို ေတာ့ မေျပာပါနဲ ့။
ေျပာသင္ ့တာက အလုပ္ကေန ထြက္ခဲ ့ရတဲ ့ေကာင္းတဲ ့အေၾကာင္းေတြကို ေျပာျပသင္ ့ပါတယ္ ။(ေကာင္းတဲ ့အေၾကာင္းေတြေျပာဆိုတဲ ့အခါ မွာ မ်က္ႏွာေလးကလဲ ၿပံဳးေနသင္ ့ပါတယ္ )။
မိမိဘဝတိုးတတ္ရန္ အခြင္ ့အလမ္းေၾကာင့္ (သို ့) လမ္းေၾကာင္းသစ္ကို ေဖာက္ထြက္ရန္ အခြင္ ့အေရးရလိုေၾကာင္း၊ မိမိအသက္ေမြးဝမ္းေက်ာင္းတိူးတတ္မူ (Career advancement ) ေၾကာင့္ အရင္အလုပ္က ထြက္ရေၾကာင္း ေျပာဆိုသင္ ့ပါတယ္ ။

(၃) မင္းဘာေၾကာင္ ့ဒီအလုပ္ကို ေလၽွာက္တာလဲ .?
ဒီလို ေမးခြန္းမ်ိဳးဆို ရင္ မ်ားေသာအားျဖင့္ ေျဖတတ္ၾကပါတယ္ “ စိတ္ဝင္စားလို ့ပါ” အဲ ့အေျဖမ်ိဳးကို မေျဖဖို ့တိုက္တြန္း လိုက္ပါရေစ …ဒီထက္ပိုၿပီေျဖသင္ ့တဲ ့ေမးခြန္းပါ လက္ရွိအင္တာဗ်ဴးေနတဲ ့အလုပ္နဲ ့ ပက္သက္ၿပီး တာဝန္ ဝတၱရာမ်ားအေပၚမွာ မိမိရဲ ့အရည္အခ်င္း ၊ ကၽြမ္းက်င္မူ ၊ အေတြ ့အႀကံဳ ဗဟုသုတတို ့ နဲ ့ ကိုက္ညီတယ္ ထင္ လို ့ ဒီအလုပ္ ကို လာေလၽွာက္တာပါဆိုတဲ ့ အခု လက္ရွိ ေလၽွာက္ထားတဲ ့အလုပ္တာဝန္ေတြအေပၚ ကိုယ္ဘက္ က စိတ္အားထက္သန္မူ ရွိတယ္ ဆိုတာ ေပၚ လႊင္ေစမဲ ့ အေၾကာင္းအရာေတြကို ေျပာဆို သင္ ့ပါတယ္ ။

(၄) ဒီလုပ္ငန္းနယ္ပယ္နဲ ့ပက္သက္ ၿပီး ဘယ္လို အေတြ ့အႀကံဳ ေတြရွိပါသလဲ ?
ဒီလိုေမးလာတဲ ့အခါမွာလဲ မိမိေလၽွာက္ထားတဲ ့အလုပ္နဲ ့ပက္သက္ၿပီး မိမိရဲ့ အေတြ ့အႀကံဳေတြကို တိတိက်က်ေျပာျပဖို ့ လိုပါလိမ့္မယ္ (တစ္ခါတစ္ေလ မွာ အဲလိုမ်ိဳး အေတြ ့အႀကံဳ မရွိ ခဲ ့ဘူးဆို ရင္ ) ကိုယ္လုပ္ခဲ ့ဖူးေသာ အေတြ ့အႀကံ ုေတြ တည္း ကမွ အနီးစပ္ဆုံးေသာ အေတြ ့အႀကံ ုမ်ား ကို ရွင္းလင္းတိက် ေျပာျပဖို ့လိုပါလိမ့္မယ္ ။

(၅) မင္းမွာ ေအာင္ျမင္ဖူးခဲ ့တဲ ့အရာေတြရွိပါသလား ?
ဒါမ်ိဳး ေမးရင္ေတာ့ “ ဟုတ္ကဲ ့” လို ့အျမဲ တမ္းေျဖသင့္ပါတယ္ ကိုယ္ဘဝမွာ ေအာင္ျမင္မူေတြ ရွိမွာပါ ( ဥပမာ -ဆယ္တန္းကို ေအာင္ရမယ္ ဆိုတဲ ့ရည္ရြယ္ခ်က္ေတြ ။ တစ္ခုခု ရည္ရြယ္ခ်က္ေတြကို ေရာက္ေအာင္ လုပ္နိုင္ခဲ ့တယ္ ဆိုတာေတြေၾကာင္ ့”ဟုတ္ကဲ ့” ) ေျဖဖို ့တိုက္တြန္းတာ ပါ ။ အဲ ေနာက္မွ အနည္း ငယ္ေလာက္ေျပာ ျပေပးသင္ ့တယ္ - ကိုယ္ဘဝရဲ ့ေအာင္ျမင္မူေတြတည္းကမွ တစ္ခု ကို ေျပာျပသင္ ့ပါတယ္ (ဥပမာ- ေက်ာင္းသားဘဝမွာ အတန္းတည္မွာ ေခါင္းေဆာင္လုပ္ခဲ ့တာ ၊ ပရဟိတ အလုပ္ေတြ လုပ္ခဲ ့တဲ ့ေနရာေတြ မွာ ဦးေဆာင္ ခဲ ့တာ စသျဖင္ ့ ေပါ ့ )

(၆) လုပ္ေဖာ္ကိုင္ဘက္ေတြက ကိုယ္အေၾကာင္းကို ဘာေတြေျပာၾကသလဲ ?
ဒီလိုေမးခြန္းမွာေတာ့ ကိုယ္နဲ ့အလုပ္တူ တြဲ လုပ္ခဲ ့တဲ ့သူေတြက ကိုယ္ကို ေျပာတတ္တဲ ့ေဝါဟာရေလးေတြ ကို ေတာ့ ေျပာ ျပသင္ ့တယ္ ။

(၇) ဒီ အဖြဲ ့အစည္း ၊ကုမၸဏီ အေၾကာင္းဘာေတြသိလဲ ၊ ဘယ္ေလာက္သိလဲ ?
ဒီေမးခြန္းအတြက္ ကေတာ့ ဒီအဖြဲ ့အစည္းမွာ အလုပ္စေလၽွာက္ကတည္းက စုံးစမ္းထားသင္ ့တယ္ ၊ ဘယ္လို အဖြဲ ့အစည္းျဖစ္တယ္ ။ဘာေတြလုပ္တယ္ ၊ လက္တေလာ ဘာေတြေဆာင္ရြက္ေနတယ္ ၊ဘယ္သူေတြ ပါဝင္ေနတယ္ ၊ အဖြဲ ့အစည္းရဲ( ့Culture ) စတာေတြကို ႀကိဳတင္ေလ့လာထားဖို ့လိုပါတယ္ ။

(၈) ဗဟုသုတေတြ ၊ အရည္အခ်င္းေတြ တိုးတတ္ေအာင္ လုပ္ေဆာင္နိုင္ခဲ ့လား ၊ဘာေတြ လုပ္ေဆာင္ခဲ ့လဲ?
ဒီလိုေမးခြန္းကေတာ့ ယခု အလုပ္ေလၽွာက္တဲ ့ အလုပ္ေပၚမွာ ကိုယ္ဘယ္လိုေတြ တိုးတတ္ေအာင္လုပ္မယ္ ဗဟုသုတေတြ ၊ အရည္အခ်င္းေတြကို တိုးျမႇင္ ့ လာတဲ ့အေၾကာင္းေတြကို အဓိက ထားေျပာေပးသင္ ့တယ္ မိမိဘဝရဲ ့တိုးတတ္မူအတြက္ ဘယ္လို သင္တန္းေတြ တတ္ေရာက္ေလ့လာေနတယ ္( ဥပမာ - English , Skill Training , ဒီပလိုမာ စသျဖင္ ့ )ေျပာျပသင္ ့တယ္ ။

(၉) သင္ဟာအဖြဲ ့အစည္းႏွင္ ့ လုပ္ကိုုင္ေဆာင္ရြက္ သူျဖစ္ပါသလား ?
ဒီေမးခြန္းဟာ (team ) နဲ ့ပက္သက္ၿပီးအလုပ္လုပ္ဖူး ပုံကိုေမးျခင္းျဖစ္တယ္ ။ သင့္ မွာ လူအမ်ား ႏွင့္စုေပါင္း လုပ္ ကိုင္ခဲ ့ဖူးတဲ ့အေတြ ့အႀကံဳ ေတြကို ေျပာျပသင္ ့တယ္ ။ (ဥပမာ - အလုပ္အတူတူ လုပ္ဖူးျခင္း ၊ လူအမ်ားႏွင္ ့ အတူတကြ ေနထိုင္ ျခင္း ၊ စသျဖင္ ့ ) ကိုယ္ဟာ အမ်ားႏွင ့္ ေဆာင္ရြက္တဲ ့အခါမွာ ဘယ္လို မ်ိဳးေတြ လုပ္ေဆာင္တတ္တယ္ ဆို တာ ေပၚလႊင္ေအာင္ေျပာဆိုသင္ ့ပါတယ ္။တကယ္လို ့ကိုယ္မွာ အေတြ ့အႀကံဳ မရွိဘူး ဆိုရင္ လဲ ကိုယ္ငယ္ငယ္ က ေက်ာင္းမွာ (က်န္းစစ္သား၊ ဘုရင္ေနာင္ ဆိုတဲ ့အသင္းေတြ ခြဲ ၿပီး အလုပ္လုပ္ ခဲ တဲ ့အေၾကာင္းေျပာျပပါ ) တစ္ခု ရွိတာက ကိုယ္ရဲ ့အေတြ ့အႀကံဳေတြ ကိုေတာ့ ရိုးသားစြာေျပာဖို ့သင္ ့တယ္ ၊ ပိုေျပာတာမ်ိဳးေတာ့ ေရွာင္သင္ ့ပါတယ္ ။

(၁၀) စီမံခ်က္ လုပ္ငန္း (Project )တစ္ခုမွာ အသင္းအဖြဲ ့တစ္ခု နဲ ့ဘယ္လို ရာထူး ဘယ္လို အဆင္ မ်ိဳးကို လုပ္ကိုင္ရတာ ပို ႀကိဳက္ႏွစ္သက္လဲ ?
ဒီေမးခြန္းကို ရိုးသားစြာနဲ ့ ပြင့္လင္းစြာေျဖၾကားဖို ့ တိုက္တြန္းပါတယ္ ။ မည္သည္ ့ရာထူး အဆင္ ့မ်ိဳးဆို ကိုနဲ ့ကိုက္ညီပါေၾကာင္း ။အဆင္ေျပေၾကာင္းကို ရည္ညႊန္းေျပာ ၾကားသင္ ့ပါတယ္ ။

(၁၁) သင့္ရဲ ့အားသာခ်က္( Strengths) ကဘာေတြလဲ ?
ဒီေမးခြန္းေတြဆိုုရင္ - အလုပ္နဲ ့ ပက္သက္တဲ ့ ဦးစားေပးေဆာင္ရြက္နိုင္စြမ္း (ability to prioritize)၊ ျပႆနာေျဖရွင္း နိုင္ေသာ စြမ္းရည္ (Problem solving skills )၊ အလုပ္ပိေသာ ဒါဏ္ကို ခံ နိုင္စြမ္း (ability to work under pressure)။ စီမံ ခ်က္ လုပ္ငန္းမ်ား ေပၚတြင္ အာ႐ုံ စူးစိုက္နိုင္စြမ္း (ability to focus on project)၊ အတတ္ပညာႏွင္ ့ဆိုင္ရာကၽြမ္းက်င္မူ( professional expertise)၊ ဦးေဆာင္မူ စြမ္းရည္ ( Leadership Skills )၊ တစ္ဖက္သားကို အေကာင္းျမင္ေသာ သေဘာထား ( Positive attitude) စတာေတြက လူတိုင္းမွာ ရွိတတ္တဲ ့အားသာခ်က္ေတြရွိပါတယ္ သို ့ေသာ္ လူတစ္ေယာကင္တည္းမွာ အထက္က ေဖာ္ျပတဲ ့အရာေတြ အားလုံးျပည့္စုံေနမယ္လို မွတ္ယူလို ့မရပါဘူး ၊ ဒါေၾကာင္ ့ကိုယ္မွာေတာ့ ဘယ္လို အခ်က္ေတြရွိတယ္ ဆိုတာကို ရိုးသားစြာ ေျပာျပဖို ့ လိုပါလိမ္ ့ မယ ္။
ေနာက္ဆက္တြဲ အေနႏွင္ ့ေမးတတ္တဲ ့ေမးခြန္းေလးေတြကေတာ့ -

(၁၂) ကိုယ္ရဲ ့ အားနည္း က ဘာေတြ လဲ ေမးနိုင္ပါတယ္

(၁၃) အလုပ္ေပၚမွာ ထားတဲ ့ကိုယ္ရဲ ့ ကိုယ္က်င္ ့တရား (ethic )

(၁၄) ယခုေလၽွယက္ထားတဲ ့အလုပ္မွာသင္ဘာေၾကာင့္ ေကာင္းေကာင္း လုပ္ေဆာင္နိုင္မယ္လို ့ဘာေၾကာင့္ ထင္တာလဲ ?

(၁၅) ဒီအဖြဲ ့အစည္းက သင္ ့ကို ဘာေၾကာင့္ အလုပ္ခန႔္သင္ ့လဲ ?

(၁၆) ယခု အလုပ္မွာ အခ်ိန္ဘယ္ေလာက္ထိ တာဝန္ယူနိုင္မလဲ ?

(၁၇) ဒီရာထူးအတြက္ သင္ဟာအရည္အခ်င္းသာလြန္သူ (over qualified)ျဖစ္တယ္လို ့ထင္ပါသလား?

(၁၈) တကယ္လို ့အလုပ္ရဲ ့လိုအပ္ခ်က္ေၾကာင့္ ေျပာင္းေရႊ ့ရမယ္ဆို အလုပ္ လုပ္နိုင္လား ?

(၁၉) အလုပ္ခြင္မွာေအာင္ျမင္တယ္ဆိုတာ ဘယ္လိုမ်ိဳးလဲ ? (challenge, achievement,recognition ) ေတြကိုေျဖေပးရမွာ ျဖစ္ပါတယ္ ။

(၂၀) လစာနဲ အျခားဘာေတြေမၽွာ္မွန္း ထားပါသလဲ ?
စသည္ ေမးခြန္းေတြကိုေမးတတ္ပါတယ္ ေမးခြန္းတိုင္းက ဘယ္ဟာကို အဓိက ထား ေျဖဆို မလဲ ေမးတဲ ့သူေတြက ဘယ္အခ်က္ေတြကို ေမးေနတာလဲ ဆိုတာ လဲ သေဘာေပါက္ဖို ့လိုပါတယ္ ။ႀကိဳတင္ျပင္ဆင္ ေလ့ လာဖို ့ တိုက္တြန္းလိုက္ပါတယ္ ။
အင္တာဗ်ဴးတဲ့အဖြဲ႕ကေမးခြန္းအားလုံး ၿပီးသြားတဲ ့အခါမွာမိမိဘက္ကသိခ်င္တာကို ျပန္လည္ ေမးသင္ ့ပါတယ္ ။
ကိုယ္ေပ်ာ္ရႊင္ေသာအလုပ္ေတြကို ေရြးခ်ယ္လုပ္ကိုင္ၿပီး လုပ္ငန္းခြင္ႏွင္ ့ဘဝကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းနိုင္ပါေစ ….။

ေရးသားသူ ေဒၚစိုးသႏၲာ

--------------------------------------------------------------------------------------------------------------
Unicode Version

မကြာခင်လုပ်ငန်းခွင်ဝင်ရောက်မည့် လူငယ်တွေအတွက် (personal Interview )မေးခွန်းများ


Interviewမေးခွန်းတွေက.......... ကိုယ်လျှောက်တဲ့ရာထူးနဲ့အလုပ်တာဝန်တွေပေါ်မူတည်ပြီး မေးခွန်းတွေကို မေးကြပါတယ်ဒီမှာတော့ များသော အား ဖြင့်လုပ်ငန်းခွင်  ဝင်ရောက်ဖို့ ကြို တင်ပြင်ဆင်နေသူတွေနဲ့ HR Department မှာ အတွေ့အကြုံ မရှိသေးတဲ့သူတွေအတွက် ရည်ရွယ်ထားပါတယ်

အင်တာဗျူး မေးခွန်းတွေက ဒီအကြောင်း အရာတွေကို အခြေခံထား မေးကြပါတယ် (Education, Experience, Social Skill, Team work , Knowledge, Technical skills ) စသည့် တို့ကို သိရှိ နိုင်မဲ့မေးခွန်းတွေကို မေးတတ်ကြပါတယ် ဒီမှာတော့ နမူနာမေးခွန်းလေးတွေကို ဖော်ပြထားပါတယ် ၊ တစ်ချို့မေးခွန်းတွေမှာ ဖြေပုံ ဖြေနည်းလေးတွေပါ ပြောထားပါတယ်

(၁) ကိုယ်အကြောင်းကို ပြောပြပါ ဆိုတဲ့ မေးခွန်းမျိုး ?။(ဒီမေးခွန်းတွေက အင်တာဗျူးတိုင်းမှာ လိုလို မေးတတ်ကြပါတယ် )
အခု လူတွေ့မေးနေတဲ့ အလုပ်နဲ့သက်ဆိုင်တဲ့မိမိလုပ်ခဲ့ဖူးတဲ့ အကြောင်းများ၊ မိမိတာဝန်ယူခဲ့သော အလုပ်အကိုင်များ ၊ တတ်မြောက်ခဲ့တဲ့ပညာအရည်အချင်းတွေ ၊ တတ်ရောက်ခဲ့ သော အတတ်ပညာဆိုင်ရာ သင်တန်းတွေ ကို ဟိုး အချိန်းကိုယ်စပြီးသင်ယူတယ် လုပ်ကိုင်တယ် ဆိုးကတည်းက နေ အခု ချိန်ထိ ပြောပြသင့်ပါတယ် ။ ပြောတယ် အခါမှာလည် ဖြေးဖြေးမှန်မှန်ပြောသင့်ပါတယ ်။

(၂) ဘာကြောင့် အရင်အလုပ်က ထွက်ခဲ့သလဲ ဆိုတဲ့ မေးခွန်းမျိုး ? ( တစ်ခါမှ အလုပ်အတွေ့အကြုံ မရှိ တဲ့ သူတွေဆို ဒီမေးခွန်း ကို မေးဖို့မလိုပါ )
ဒီလို မေးခွန်းမျိူးကို ကြတော့ ….
အခြေအနေဘယ်လိုပဲ ရှိခဲ့ပါစေ အကောင်းအမြင်အနေအထားရ ပြောသင့်ပါတယ် ။(ဥပမာ - စီမံခန့်ခွဲ မူ အဖွဲ့ရဲ့ပြဿနာ ၊ ကြီးကြပ်သူများ (သို့) လုပ်ဖော်ကိုင်ဖက်နဲ့အဆင်မပြေ မူတွေလဲ ရှိရင်လဲ ရှိခဲ့မှာပေါ့ )အဲ ဒီအကြောင်းအရာတွေကို တော့ မပြောပါနဲ့။
ပြောသင့်တာက အလုပ်ကနေ ထွက်ခဲ့ရတဲ့ကောင်းတဲ့အကြောင်းတွေကို ပြောပြသင့်ပါတယ် ။(ကောင်းတဲ့အကြောင်းတွေပြောဆိုတဲ့အခါ မှာ မျက်နှာလေးကလဲ ပြုံးနေသင့်ပါတယ် )။
မိမိဘဝတိုးတတ်ရန် အခွင့်အလမ်းကြောင့် (သို့) လမ်းကြောင်းသစ်ကို ဖောက်ထွက်ရန် အခွင့်အရေးရလိုကြောင်း၊ မိမိအသက်မွေးဝမ်းကျောင်းတိူးတတ်မူ (Career advancement ) ကြောင့် အရင်အလုပ်က ထွက်ရကြောင်း ပြောဆိုသင့်ပါတယ် ။

(၃) မင်းဘာကြောင့်ဒီအလုပ်ကို လျှောက်တာလဲ .?
ဒီလို မေးခွန်းမျိုးဆို ရင် များသောအားဖြင့် ဖြေတတ်ကြပါတယ် “ စိတ်ဝင်စားလို့ပါ” အဲ့အဖြေမျိုးကို မဖြေဖို့တိုက်တွန်း လိုက်ပါရစေ …ဒီထက်ပိုပြီဖြေသင့်တဲ့မေးခွန်းပါ လက်ရှိအင်တာဗျူးနေတဲ့အလုပ်နဲ့ ပက်သက်ပြီး တာဝန် ဝတ္တရာများအပေါ်မှာ မိမိရဲ့အရည်အချင်း ၊ ကျွမ်းကျင်မူ ၊ အတွေ့အကြုံ ဗဟုသုတတို့ နဲ့ ကိုက်ညီတယ် ထင် လို့ ဒီအလုပ် ကို လာလျှောက်တာပါဆိုတဲ့ အခု လက်ရှိ လျှောက်ထားတဲ့အလုပ်တာဝန်တွေအပေါ် ကိုယ်ဘက် က စိတ်အားထက်သန်မူ ရှိတယ် ဆိုတာ ပေါ် လွှင်စေမဲ့ အကြောင်းအရာတွေကို ပြောဆို သင့်ပါတယ် ။

(၄) ဒီလုပ်ငန်းနယ်ပယ်နဲ့ပက်သက် ပြီး ဘယ်လို အတွေ့အကြုံ တွေရှိပါသလဲ ?
ဒီလိုမေးလာတဲ့အခါမှာလဲ မိမိလျှောက်ထားတဲ့အလုပ်နဲ့ပက်သက်ပြီး မိမိရဲ့ အတွေ့အကြုံတွေကို တိတိကျကျပြောပြဖို့ လိုပါလိမ့်မယ် (တစ်ခါတစ်လေ မှာ အဲလိုမျိုး အတွေ့အကြုံ မရှိ ခဲ့ဘူးဆို ရင် ) ကိုယ်လုပ်ခဲ့ဖူးသော အတွေ့အကြံ ုတွေ တည်း ကမှ အနီးစပ်ဆုံးသော အတွေ့အကြံ ုများ ကို ရှင်းလင်းတိကျ ပြောပြဖို့လိုပါလိမ့်မယ် ။

(၅) မင်းမှာ အောင်မြင်ဖူးခဲ့တဲ့အရာတွေရှိပါသလား ?
ဒါမျိုး မေးရင်တော့ “ ဟုတ်ကဲ့” လို့အမြဲ တမ်းဖြေသင့်ပါတယ် ကိုယ်ဘဝမှာ အောင်မြင်မူတွေ ရှိမှာပါ ( ဥပမာ -ဆယ်တန်းကို အောင်ရမယ် ဆိုတဲ့ရည်ရွယ်ချက်တွေ ။ တစ်ခုခု ရည်ရွယ်ချက်တွေကို ရောက်အောင် လုပ်နိုင်ခဲ့တယ် ဆိုတာတွေကြောင့်”ဟုတ်ကဲ့” ) ဖြေဖို့တိုက်တွန်းတာ ပါ ။ အဲ နောက်မှ အနည်း ငယ်လောက်ပြော ပြပေးသင့်တယ် - ကိုယ်ဘဝရဲ့အောင်မြင်မူတွေတည်းကမှ တစ်ခု ကို ပြောပြသင့်ပါတယ် (ဥပမာ- ကျောင်းသားဘဝမှာ အတန်းတည်မှာ ခေါင်းဆောင်လုပ်ခဲ့တာ ၊ ပရဟိတ အလုပ်တွေ လုပ်ခဲ့တဲ့နေရာတွေ မှာ ဦးဆောင် ခဲ့တာ စသဖြင့် ပေါ့ )

(၆) လုပ်ဖော်ကိုင်ဘက်တွေက ကိုယ်အကြောင်းကို ဘာတွေပြောကြသလဲ ?
ဒီလိုမေးခွန်းမှာတော့ ကိုယ်နဲ့အလုပ်တူ တွဲ လုပ်ခဲ့တဲ့သူတွေက ကိုယ်ကို ပြောတတ်တဲ့ဝေါဟာရလေးတွေ ကို တော့ ပြော ပြသင့်တယ် ။

(၇) ဒီ အဖွဲ့အစည်း ၊ကုမ္ပဏီ အကြောင်းဘာတွေသိလဲ ၊ ဘယ်လောက်သိလဲ ?
ဒီမေးခွန်းအတွက် ကတော့ ဒီအဖွဲ့အစည်းမှာ အလုပ်စလျှောက်ကတည်းက စုံးစမ်းထားသင့်တယ် ၊ ဘယ်လို အဖွဲ့အစည်းဖြစ်တယ် ။ဘာတွေလုပ်တယ် ၊ လက်တလော ဘာတွေဆောင်ရွက်နေတယ် ၊ဘယ်သူတွေ ပါဝင်နေတယ် ၊ အဖွဲ့အစည်းရဲ(့Culture ) စတာတွေကို ကြိုတင်လေ့လာထားဖို့လိုပါတယ် ။

(၈) ဗဟုသုတတွေ ၊ အရည်အချင်းတွေ တိုးတတ်အောင် လုပ်ဆောင်နိုင်ခဲ့လား ၊ဘာတွေ လုပ်ဆောင်ခဲ့လဲ?
ဒီလိုမေးခွန်းကတော့ ယခု အလုပ်လျှောက်တဲ့ အလုပ်ပေါ်မှာ ကိုယ်ဘယ်လိုတွေ တိုးတတ်အောင်လုပ်မယ် ဗဟုသုတတွေ ၊ အရည်အချင်းတွေကို တိုးမြှင့် လာတဲ့အကြောင်းတွေကို အဓိက ထားပြောပေးသင့်တယ် မိမိဘဝရဲ့တိုးတတ်မူအတွက် ဘယ်လို သင်တန်းတွေ တတ်ရောက်လေ့လာနေတယ ်( ဥပမာ - English , Skill Training , ဒီပလိုမာ စသဖြင့် )ပြောပြသင့်တယ် ။

(၉) သင်ဟာအဖွဲ့အစည်းနှင့် လုပ်ကိုင်ဆောင်ရွက် သူဖြစ်ပါသလား ?
ဒီမေးခွန်းဟာ (team ) နဲ့ပက်သက်ပြီးအလုပ်လုပ်ဖူး ပုံကိုမေးခြင်းဖြစ်တယ် ။ သင့် မှာ လူအများ နှင့်စုပေါင်း လုပ် ကိုင်ခဲ့ဖူးတဲ့အတွေ့အကြုံ တွေကို ပြောပြသင့်တယ် ။ (ဥပမာ - အလုပ်အတူတူ လုပ်ဖူးခြင်း ၊ လူအများနှင့် အတူတကွ နေထိုင် ခြင်း ၊ စသဖြင့် ) ကိုယ်ဟာ အများနှင့် ဆောင်ရွက်တဲ့အခါမှာ ဘယ်လို မျိုးတွေ လုပ်ဆောင်တတ်တယ် ဆို တာ ပေါ်လွှင်အောင်ပြောဆိုသင့်ပါတယ ်။တကယ်လို့ကိုယ်မှာ အတွေ့အကြုံ မရှိဘူး ဆိုရင် လဲ ကိုယ်ငယ်ငယ် က ကျောင်းမှာ (ကျန်းစစ်သား၊ ဘုရင်နောင် ဆိုတဲ့အသင်းတွေ ခွဲ ပြီး အလုပ်လုပ် ခဲ တဲ့အကြောင်းပြောပြပါ ) တစ်ခု ရှိတာက ကိုယ်ရဲ့အတွေ့အကြုံတွေ ကိုတော့ ရိုးသားစွာပြောဖို့သင့်တယ် ၊ ပိုပြောတာမျိုးတော့ ရှောင်သင့်ပါတယ် ။

(၁၀) စီမံချက် လုပ်ငန်း (Project )တစ်ခုမှာ အသင်းအဖွဲ့တစ်ခု နဲ့ဘယ်လို ရာထူး ဘယ်လို အဆင် မျိုးကို လုပ်ကိုင်ရတာ ပို ကြိုက်နှစ်သက်လဲ ?
ဒီမေးခွန်းကို ရိုးသားစွာနဲ့ ပွင့်လင်းစွာဖြေကြားဖို့ တိုက်တွန်းပါတယ် ။ မည်သည့်ရာထူး အဆင့်မျိုးဆို ကိုနဲ့ကိုက်ညီပါကြောင်း ။အဆင်ပြေကြောင်းကို ရည်ညွှန်းပြော ကြားသင့်ပါတယ် ။

(၁၁) သင့်ရဲ့အားသာချက်( Strengths) ကဘာတွေလဲ ?
ဒီမေးခွန်းတွေဆိုရင် - အလုပ်နဲ့ ပက်သက်တဲ့ ဦးစားပေးဆောင်ရွက်နိုင်စွမ်း (ability to prioritize)၊ ပြဿနာဖြေရှင်း နိုင်သော စွမ်းရည် (Problem solving skills )၊ အလုပ်ပိသော ဒါဏ်ကို ခံ နိုင်စွမ်း (ability to work under pressure)။ စီမံ ချက် လုပ်ငန်းများ ပေါ်တွင် အာရုံ စူးစိုက်နိုင်စွမ်း (ability to focus on project)၊ အတတ်ပညာနှင့်ဆိုင်ရာကျွမ်းကျင်မူ( professional expertise)၊ ဦးဆောင်မူ စွမ်းရည် ( Leadership Skills )၊ တစ်ဖက်သားကို အကောင်းမြင်သော သဘောထား ( Positive attitude) စတာတွေက လူတိုင်းမှာ ရှိတတ်တဲ့အားသာချက်တွေရှိပါတယ် သို့သော် လူတစ်ယောကင်တည်းမှာ အထက်က ဖော်ပြတဲ့အရာတွေ အားလုံးပြည့်စုံနေမယ်လို မှတ်ယူလို့မရပါဘူး ၊ ဒါကြောင့်ကိုယ်မှာတော့ ဘယ်လို အချက်တွေရှိတယ် ဆိုတာကို ရိုးသားစွာ ပြောပြဖို့ လိုပါလိမ့် မယ ်။
နောက်ဆက်တွဲ အနေနှင့်မေးတတ်တဲ့မေးခွန်းလေးတွေကတော့ -

(၁၂) ကိုယ်ရဲ့ အားနည်း က ဘာတွေ လဲ မေးနိုင်ပါတယ်

(၁၃) အလုပ်ပေါ်မှာ ထားတဲ့ကိုယ်ရဲ့ ကိုယ်ကျင့်တရား (ethic )

(၁၄) ယခုလျေှယက်ထားတဲ့အလုပ်မှာသင်ဘာကြောင့် ကောင်းကောင်း လုပ်ဆောင်နိုင်မယ်လို့ဘာကြောင့် ထင်တာလဲ ?

(၁၅) ဒီအဖွဲ့အစည်းက သင့်ကို ဘာကြောင့် အလုပ်ခန့်သင့်လဲ ?

(၁၆) ယခု အလုပ်မှာ အချိန်ဘယ်လောက်ထိ တာဝန်ယူနိုင်မလဲ ?

(၁၇) ဒီရာထူးအတွက် သင်ဟာအရည်အချင်းသာလွန်သူ (over qualified)ဖြစ်တယ်လို့ထင်ပါသလား?

(၁၈) တကယ်လို့အလုပ်ရဲ့လိုအပ်ချက်ကြောင့် ပြောင်းရွှေ့ရမယ်ဆို အလုပ် လုပ်နိုင်လား ?

(၁၉) အလုပ်ခွင်မှာအောင်မြင်တယ်ဆိုတာ ဘယ်လိုမျိုးလဲ ? (challenge, achievement,recognition ) တွေကိုဖြေပေးရမှာ ဖြစ်ပါတယ် ။

(၂၀) လစာနဲ အခြားဘာတွေမျှော်မှန်း ထားပါသလဲ ?
စသည် မေးခွန်းတွေကိုမေးတတ်ပါတယ် မေးခွန်းတိုင်းက ဘယ်ဟာကို အဓိက ထား ဖြေဆို မလဲ မေးတဲ့သူတွေက ဘယ်အချက်တွေကို မေးနေတာလဲ ဆိုတာ လဲ သဘောပေါက်ဖို့လိုပါတယ် ။ကြိုတင်ပြင်ဆင် လေ့ လာဖို့ တိုက်တွန်းလိုက်ပါတယ် ။
အင်တာဗျူးတဲ့အဖွဲ့ကမေးခွန်းအားလုံး ပြီးသွားတဲ့အခါမှာမိမိဘက်ကသိချင်တာကို ပြန်လည် မေးသင့်ပါတယ် ။
ကိုယ်ပျော်ရွှင်သောအလုပ်တွေကို ရွေးချယ်လုပ်ကိုင်ပြီး လုပ်ငန်းခွင်နှင့်ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ ….။

ရေးသားသူ ဒေါ်စိုးသန္တာ

ဗဟု ဝါဒ၊ အႀကြင္းမဲ့ဝါဒ ႏွင့္ ပညာေရး(အပိုင္း ၁)


(ပညာေရး အာဏာပိုင္ဝါဒ)

-----------------------------------

လူအဖြဲ႕စည္းတစ္ရပ္၏ ပညာေရးဘဝသည္ ယင္းအဖြဲ႕အစည္းအတြင္း က်င့္သံုးလွ်က္ရွိေသာ ႏိုင္ငံေရး(ဝါ) ႏိုင္ငံေရးစနစ္ႏွင့္ တိုက္ရိုက္စပ္ဆက္လွ်က္ ရွိသည္။ လူအဖြဲ႕အစည္းဟူသည္ လူသားတို႕အတူတကြ ေပါင္းစည္းေနထိုင္လွ်က္ရွိေသာ လူမႈသိုက္ျမံဳဟု ေယဘုယ် အဓိပၸါယ္ ဖြင့္ဆိုႏိုင္ပါသည္။ သို႔ရာတြင္ လူအဖြဲ႕အစည္းသည္ လူသားတို႕၏ စိတ္တစ္ခု၊႐ုပ္တစ္စံု အေပါင္းအစည္းမ်ိဳးမဟုတ္ေပ။ လူမႈေရး၊စီးပြားေရး၊ႏိုင္ငံေရး စသည့္ေရးရာကိစၥရပ္မ်ားအတြက္ ကြဲျပားျခားနားေသာ ရည္ရြယ္ခ်က္အသီးသီးကို ေဖာ္ေဆာင္ေနသူတို႕၏ စုစည္းမႈမ်ိဳးသာျဖစ္သည္။ အခ်ိဳ႕အဖြဲ႕အစည္းမ်ားက ပုဂၢလလူသားတို႕၏ ကြဲျပားျခားနားေသာ ဘဝေနထိုင္မႈ၊ဘဝေရြးခ်ယ္မႈမ်ားကို ခြင့္ျပဳၿပီး လူသားတို႕ရရွိခံစားပိုင္ခြင့္ရွိေသာ အခြင့္အေရးမ်ားႏွင့္ ပိုင္ဆိုင္မႈမ်ားကို ကာကြယ္ေစာင့္ေရွာက္ေပးသည္။အခ်ိဳ႕အဖြဲ႕အစည္းမ်ားက ကြဲျပားျခားနားေသာ ပံုသ႑န္မ်ိဳးထက္ တူညီေသာ လူမႈဘဝပံုစံမ်ိဳးကို ပံစံသြင္းလိုသည္။ ပုဂၢလ ရပိုင္ခြင့္မ်ားအေပၚလည္း လႊမ္းမိုးခ်ဳပ္ခ်ယ္ထားတတ္သည္။ဤျခားနားခ်က္မ်ားကို လိုက္၍ လူအဖြဲ႕အစည္းမ်ားကို ပြင့္လင္းလူ႕အဖြဲ႕အစည္း(open society )ႏွင့္ ပိတ္ေႏွာင္ လူ႕အဖြဲ႕အစည္း (closed society) ဟူ၍ ခြဲျခားသတ္မွတ္ႏိုင္သည္။ ယင္းအဖြဲ႕အစည္း ႏွစ္ရပ္အနက္ ပိတ္ႏွာင္လူ႕အဖြဲ႕အစည္းမ်ားက အၾကြင္းမဲ့ဝါဒ(ဝါ) အၾကြင္းမဲ့အာဏာပိုင္ဘဝ (Totalitarianism) ကို က်င့္သံုးၿပီး ပြင့္လင္းလူ႕အဖြဲ႕အစည္းမ်ားက ဗဟုဝါဒ( Pluralism) ကိုက်င့္သံုးၾကပါသည္။ဤေဆာင္းပါးတြင္ ယင္းအဖြဲ႕အစည္းႏွစ္ရပ္၏ သေဘာသဘာဝႏ်င့္ ပညာေရးျဖစ္စဥ္မ်ားကို ျခံဳငံုေဆြးေႏြးသြားပါမည္။

အၾကြင္းမဲ့ဝါဒီမ်ားက လူ႕အဖြဲ႕အစည္း၏ သေဘာကို (organismic theory of society ) ႐ႈ႕ေထာင့္မွ ဖြင့္ဆိုၾကပါသည္။ ဆိုလိုသည္မွာ လူသားအား ဇီဝကမၼပိုင္းဆိုင္ရာအဂၤါမ်ားျဖင့္ တစ္ေပါင္းတစည္းတည္း ေပါင္းစည္းဖြဲ႕စည္းထားသကဲ့သို႕ လူ႕အဖြဲ႕အစည္းသည္လည္း ယင္းအဖြဲ႕ဝင္လူသားမ်ားျဖင့္ ေပါင္းစပ္ဖြဲ႕စည္းထားျခင္းျဖစ္သည္။ ယင္းသည္ လူသားကိုယ္ (Human Body)မွ လူမႈကိုယ္ (Social Body) ကို နိဂံုးဆြဲယူထားျခင္းလည္းျဖစ္သည္။ လူသားကိုယ္၏ မ်က္စိ၊ႏွာေခါင္း၊နား၊ေျခ ၊လက္ အဂၤါမ်ားသည္ လူသားကိုယ္ႏွင့္ ခြဲျခားမရေအာင္ေပါင္းစပ္လွ်က္ရွိသည္။ယင္းအဂၤါ အစိတ္အပိုင္းမ်ားသည္ လူသားကိုယ္အတြက္ အရာရာေဆာင္ရြက္ေပးခြင့္ရေသာ္လည္း ၄င္းတို႔အေနျဖင့္ လူသားတို႕ကိုယ္မွ ခြဲခြာ၍ သီးျခားေဆာင္ရြက္ပိုင္ခြင့္ မရွိေပ။ ဇိဝကမၼျဖစ္စဥ္တို႕ကို အေျချပဳၿပီး အၾကြင္းမဲ့ဝါဒီတို႕က လူမႈကိုယ္ကို တစ္ေပါင္းတစည္းတည္းအျဖစ္ ႐ႈျမင္ၾကသည္။ သူတို႕သည္ ပုဂၢလလူသား၏ သီးျခားျဖစ္တည္မႈသေဘာ (Individual existence)ႏွင့္ ၄င္းလူသားစြမ္းေဆာင္ရည္ကို အသိအမွတ္မျပဳေပ။လူသားသည္ လူ႕အဖြဲ႕အစည္း၏ အဖြဲ႕ဝင္သာျဖစ္ၿပီး အျခားမည္သည့္အရာမွမဟုတ္ေပ။ ယင္းကိုထင္ရွားေစရန္ႏွင့္ အျခားလူမႈေရး၊ဘာသာေရး သင္းပင္းမ်ားႏွင့္ လူ႕အဖြဲ႕အစည္း (ဝါ) ႏိုင္ငံေတာ္တို႕၏ ျခားနားမႈကို ရွင္းလင္းခ်င္ပါေသးသည္။

လူမႈေရး၊ဘာသာေရး အသင္းအပင္းမ်ားသည္ အဖြဲ႕ဝင္တို႕၏ ဘံုရည္မွန္းခ်က္တစ္ခုခုအတြက္ စုစည္းထားေသာ အဖြဲ႕အစည္းမ်ားျဖစ္ပါသည္။လူသားတို႕အေနျဖင့္ ၄င္းတို႕၏ စိတ္ပါဝင္စားမႈအရသာ အဖြဲ႕ဝင္အျဖစ္ ပူးေပါင္းေဆာင္ရြက္ၾကသည္။တခါတရံ အဖြဲ႕ဝင္တို႕အေနျဖင့္ အဖြဲ႕အစည္း၏ လုပ္ငန္းကိစၥ အဝဝကို ပူးေပါင္းေဆာင္ရြက္ရန္ပ်က္ကြက္ၾကေသာအခါ အဖြဲ႕၏ရည္မွန္းခ်က္မ်ားႏွင့္ လုပ္ငန္းစဥ္မ်ားေဝဝါးေမွးမွိန္သြားၿပီး ညီညြတ္မႈပ်က္ျပားသည့္ အေျခအေန ႏွင့္ ၾကံဳေတြ႕ၾကရပါသည္။ ႏိုင္ငံအဖြဲ႕အစည္းမွာကား ထိုသို႕မဟုတ္ေပ။ ႏိုင္ငံသားတို႕သည္ ကေလးငယ္ဘဝကပင္ ႏိုင္ငံေတာ္အတြင္း ေမြးဖြားႀကီးျပင္းခဲ့ၾကသည္။ယင္းကေလးငယ္သည္ ႏိုင္ငံသားဘဝက လံုးဝမလြတ္ေျမွာက္ႏို္င္ေပ။သူ႕ပုဂၢလ သေဘာေဆာင္ေသာ္လည္း ႏိုင္ငံသားသေဘာအျဖစ္သာေနထိုင္ရမည္ ျဖစ္သည္။ ဆိုလိုသည္မွာ လူသား၏ ပုဂၢလ ဆန္မႈကို ကန္႕သတ္ထားၿပီး ႏိုင္ငံ၏လုပ္ငန္းေဆာင္တာအရပ္ရပ္ကို ပူးေပါင္းေဆာင္ရြက္လ်က္ အစြမ္းျပည့္ဝေသာ ႏိုင္ငံသားေကာင္းတစ္ေယာက္အျဖစ္ေနထိုင္ရန္သာျဖစ္သည္။ယင္းဝါဒီတို႕သည္ ပုဂၢလ လူသားသီးျခားျဖစ္တည္မႈႏွင့္ စြမ္းေဆာင္ရည္ တို႕ကို အသိအမွတ္မျပဳေပ။ႏိုင္ငံေရးအရလည္း လူသားလြတ္လပ္မႈအပါအဝင္ သဘာဝရပိုင္ခြင့္မ်ားကို ကန္႕သတ္ထားၿပီး ႏိုင္ငံေတာ္အား နာခံတတ္ေစရန္သာ သြတ္သြင္း သင္ၾကားပါသည္။ ယင္းအယူအဆကို ကြန္ျမဴနစ္၊ဖက္ဆစ္ အာဏာရွင္ စေသာ အဖြဲ႕အစည္းမ်ားက လက္ခံက်င့္သံုးၾကပါသည္။

ထို႕ေၾကာင့္ ယင္းဝါဒေအာက္ရွိ ပညာေရးလက္ေတြ႔ လုပ္ငန္းမ်ားအေနျဖင့္ မ်ားစြာကန္႕သတ္ထားရမည္ကို အလြယ္တကူနားလည္ ႏိုင္ေပသည္။ အၾကြင္းမဲ့အာဏာပိုင္ ဝါဒေအာက္ရွိ ပညာေရးအစီအစဥ္မ်ားႏွင့္ တကၠသို္လ္၊ ေကာလိပ္၊ စာသင္ေက်ာင္းမ်ား အားလံုးသည္ အစိုးရ၏ ထိန္းသိမ္း(ကန္႕သတ္ထိန္းခ်ဳပ္မႈ)ေအာက္တြင္သာရွိေနပါသည္။ ပုဂၢလေက်ာင္းမ်ားႏွင့္ ပညာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားသည္ မိမိဘာသာေစာင့္ေရွာက္မႈလုပ္ငန္းမ်ားသည္ မိမိဘာသာ သီးျခားရပ္တည္ခြင့္ ၊ေစာင့္ေရွာက္လႈပ္ရွားခြင့္မရွိေပ။ ပညာေရး ဒသ၁န ရႈေထာင့္အရၾကည့္ေသာ္ ရူးဆိုး(Rousseau) ၏ ပညာေရးသည္ ႏိုင္ငံသားျဖစ္ဖို႕ထပ္ လူပီသေစဖို႕သာ ျဖစ္သည္ ဟူေသာ အယူအဆကို ဆန္႕က်င္ၿပီး ေဟဂယ္(Hegel)၏ ႏိုင္ငံသားေကာင္းပညာေရးကို မဆည္းပူးဘဲ ျပည့္မွီေသာ လူတစ္ေယာက္မျဖစ္ႏိုင္”ဆိုေသာ အယူအဆေပၚတြင္ အေျခခံထားျခင္းလည္း ျဖစ္ႏိုင္သည္။ ယင္းႏိုင္ငံသားေကာင္းအယူအဆ ကို အေစာပိုင္း ေအသင္ ဒႆန ပညာရွင္ ပေလတို( Plato )၏ အယူအဆ မ်ားတြင္ ေတြ႕ရွိႏိုင္ၿပီး သူက “လူသည္ မိမိ၏ ပုဂၢလအလိုဆႏၵႏွင့္ စိတ္ခံစားမႈမ်ားကို ခ်ိဳးႏွိမ္ၿပီး ႏိုင္ငံသားဘဝ၊ႏိုင္ငံသားစိတ္ဓာတ္မ်ိဳး ပ်ိဳးေထာင္ရမည္ျဖစ္ပါသည္။ သည့္အတြက္ လူငယ္ လူရြယ္မ်ားအား ႏိုင္ငံသားဘဝႏွင့္ သက္ဆိုင္ေသာ အမူအက်င့္မ်ားကို ေလ့က်င့္သင္ၾကာေပးရမည္”ဟု ဆိုပါသည္။ ယင္းအယူအဆအရ ပညာေရးဟူသည္ ႏို္င္ငံသားတို႕အား ႏိုင္ငံေတာ္က အလိုရွိသည့္အတိုင္း ပညာသင္ၾကားေစျခင္းပင္ ျဖစ္ပါသည္။

အၾကြင္းမဲ့အာဏာပိုင္ဝါဒေအာက္ရွိ ပညာေရးစနစ္အတြင္း ပုဂၢလလူသား၏ အခန္းက႑မွာ မ်ားစြာ အေရးမပါလွေပ။ ယင္းအဖြဲ႕အစည္းတို႕သည္ လူတစ္ဦးခ်င္းစီထက္ ႏိုင္ငံသားဘဝကို ပို၍ အေလးေပးသည္။ လူ႕အဖြဲ႕အစည္း(ဝါ) ႏိုင္ငံေတာ္ ယင္း၏ ကိုယ္ပိုင္ျဖစ္ေသာ ယဥ္ေက်းမႈ၊ဘာသာတရား ၊ဘာသာစကား၊ စီးပြားေရး နယ္နမိတ္စသည့္ အကန္႕အသက္ပန္းတိုင္မ်ားရွိၾကပါသည္။ ပညာေရးလုပ္ငန္းစဥ္ သည္ ႏိုင္ငံအဖြဲ႕အစည္း၏ စံျပထားအပ္ရာ ပန္းတိုင္မ်ားသို႕ေရာက္ရွိေစရန္ ေထာက္ပံ့ပို႕ေဆာင္ေပးျခင္းမ်ိဳး ျဖစ္ပါသည္။ ပုဂၢလလူသားကမူ ႏို္င္ငံရည္မွန္းခ်က္ပန္းတိုင္မ်ား သို႕ ေရာက္ရွိေစရန္ ျငမ္းအျဖစ္ အသံုးေတာ္ခံရန္သာျဖစ္ပါသည္။ ယင္းအေျခအေနအတြင္း လူသား၏ ကိုယ္ရည္ကိုယ္ေသြး ဆိုသည္မွာ အၾကြင္းမဲ့ ဝါဒပံုေဖာ္ေပးသည့္အတိုင္း ႀကီးမားက်ယ္ျပန္႕သည့္ လူ႕ေဘာင္ေလာကအတြင္း က်ပ္တည္းက်ဥ္းေျမာင္းစြာ ေနထိုင္သြားရန္ပင္ ျဖစ္သည္။

စင္စစ္မူ ၄င္းတို႕သည္ အမ်ားျပည္သူတို႕ကို ကိုယ္စားမျပဳဘဲ ကိုယ္ပိုင္အက်ိဳးစီပြားႏွင့္ ရည္မွန္းခ်က္မ်ား အတြက္ စုစည္းထားေသာ လူနည္းစုမ်ိုးသာျဖစ္သည္။ထိုသူတို႕သည္ အဖြဲ႕ဝင္ျပည္သူတို႕၏ လူမႈလြတ္လပ္မႈ၊ ႏိုင္ငံေရးလြတ္လပ္မႈတို႕ကို ထိန္းခ်ဳပ္ထားသကဲ့သို႔ ပညာေရးလြတ္လပ္မႈတို႕ကိုလည္း ကန္႕သတ္ထားပါသည္။ ပညာေရး၏တန္ဖိုး ႏႈန္းစံမ်ား၊အစီအမံမ်ားႏွင့္ ပတ္သတ္ၿပီး လြတ္လပ္စြာေဆြးေႏြးေဆာင္ရြက္ခြင့္ မရွိေပ။ ေရွ႕တြင္ ေဖာ္ျပထားသကဲ့သို႕ တကၠသိုလ္၊ေကာလိပ္ႏွင့္ စာသင္ေက်ာင္းမ်ားတြင္ လည္း ပညာေရးဆိုင္ရာ ကိုယ္ပိုင္ျပဌာန္းခြင့္ႏွင့္ က်င့္သံုးခြင့္မ်ားမရွိေပ။ ဗဟိုအာဏာစက္၏ အစီအမံမ်ားကိုသာ ေဖာ္ေဆာင္ရျခင္းျဖစ္သည္။ ဆရာ၊ဆရာမမ်ားသည္ပင္ အထက္အဖြဲ႕အစည္းအဆင့္ဆင့္က ခ်မွတ္ေပးလိုက္ေသာ မူဝါဒ ဆံုးျဖတ္ခ်က္မ်ားကို ရွင္းလင္းရသူ၊ဝါဒျဖန္႕ခ်ိသူမ်ားသာ ျဖစ္ေလသည္။

ယင္းအဖြဲ႕အစည္းမ်ား၏ ပညာေရး၊လြတ္လပ္ခြင့္ ဆိုသည္မွာ အသိပညာႏွင့္ ပတ္သတ္ၿပီး အဆံုးအစမဲ့ စည္းပူးေလ့လာႏိုင္ျခင္း မဟုတ္ေပ။ ဥာဏ္ရည္ဥာဏ္ေသြးျပည့္ဝၿပီး မိမိကိုယ္မိမိ သိနားလည္သူမ်ား ျဖစ္လာေစျခင္း မဟုတ္၊ပုဂၢလလူသားအား လူမူအေႏွာင္အတည္းႏွင့္ ဝန္ထုပ္ဝန္ပိုးတို႕မွ လြတ္ေျမွာက္ေစျခင္းမဟုတ္။ ႏိုင္ငံ၏ အက်ိဳးစီးပြားလိုအပ္မႈအတြက္ အစြမ္းကုန္ျဖည့္ဆည္းေပးရန္သာ ျဖစ္ေလသည္။ လြတ္လပ္မႈဆိုသည္ကိုလည္း လူသားရပိုင္ခြင့္အျဖစ္ တန္ဖိုးမထားဘဲ၊ ႏိုင္ငံႏွင့္ ႏိုင္ငံ့ အစိုးရ၏ အထူးအခြင့္အေရး အျဖစ္သာ သတ္မွတ္ထားပါသည္။ ဆိုလိုသည္မွာ ႏိုင္ငံေတာ္ကသာလွ်င္ လြတ္လပ္စြာ စီရင္ျပဌာန္းခြ င့္ ရွိသည္။ လြတ္လပ္စြာ လႊမ္းမိုးခ်ဳပ္ခ်ယ္ခြင့္ ရွိသည္။ ျပည္သူျပည္သားတို႕မွာကား မိမိတို႕၏ ပုဂၢလ လြတ္လပ္မႈကို အဆံုးရံႈးခံၾကရသည္။ အႂကြင္းမဲ့အာဏာပိုင္ ဝါဒေအာက္ရွိ ေက်ာင္းသင္ပညာႏိငက္ အျမင့္ဆံုး ေကာင္းျမတ္မႈမွာ လူငယ္လူရြယ္မ်ားအား စည္းကမ္းေသဝပ္ေသာ၊တာဝန္ေက်ပြန္ေသာ၊ႏိုင္ငံအတြက္ စြန္႕လႊတ္ရဲေသာ ႏိုင္ငံသားေကာင္းမ်ား ျဖစ္လာေစရန္ပင္ျဖစ္သည္။ သည့္အတြက္ လူသား၏ အနာဂတ္ဘဝႏွင့္ ျဖစ္ေျခအသီးသီးတို႕ ေပ်ာက္ဆံုးေနေသာ အေျခအေနဟုဆိုႏိုင္ပါသည္။ ယင္းသည္ ကြန္ျမဴနစ္၊ဖက္ဆစ္ႏွင့္ အျခားအာဏာရွင္ ႏိုင္ငံမ်ားအတြက္ မ်ားစြာ ကြဲျပားျခားနားမႈ မရွိေပ။

ေရးသားသူ သူရိန္ထက္လင္း@ ဦးရဲထြဋ္
ဗဟုဝါဒ အႀကြင္းမဲ့ဝါဒ နွင့္ပညာေရး
စံပါယ္ျဖဴ မဂၢဇင္းမွ

--------------------------------------------------------------------------------------------------------------
Unicode Version

ဗဟု ဝါဒ၊ အကြွင်းမဲ့ဝါဒ နှင့် ပညာရေး(အပိုင်း ၁)
(ပညာရေး အာဏာပိုင်ဝါဒ)
-----------------------------------
လူအဖွဲ့စည်းတစ်ရပ်၏ ပညာရေးဘဝသည် ယင်းအဖွဲ့အစည်းအတွင်း ကျင့်သုံးလျှက်ရှိသော နိုင်ငံရေး(ဝါ) နိုင်ငံရေးစနစ်နှင့် တိုက်ရိုက်စပ်ဆက်လျှက် ရှိသည်။ လူအဖွဲ့အစည်းဟူသည် လူသားတို့အတူတကွ ပေါင်းစည်းနေထိုင်လျှက်ရှိသော လူမှုသိုက်မြုံဟု ယေဘုယျ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။ သို့ရာတွင် လူအဖွဲ့အစည်းသည် လူသားတို့၏ စိတ်တစ်ခု၊ရုပ်တစ်စုံ အပေါင်းအစည်းမျိုးမဟုတ်ပေ။ လူမှုရေး၊စီးပွားရေး၊နိုင်ငံရေး စသည့်ရေးရာကိစ္စရပ်များအတွက် ကွဲပြားခြားနားသော ရည်ရွယ်ချက်အသီးသီးကို ဖော်ဆောင်နေသူတို့၏ စုစည်းမှုမျိုးသာဖြစ်သည်။ အချို့အဖွဲ့အစည်းများက ပုဂ္ဂလလူသားတို့၏ ကွဲပြားခြားနားသော ဘဝနေထိုင်မှု၊ဘဝရွေးချယ်မှုများကို ခွင့်ပြုပြီး လူသားတို့ရရှိခံစားပိုင်ခွင့်ရှိသော အခွင့်အရေးများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်စောင့်ရှောက်ပေးသည်။အချို့အဖွဲ့အစည်းများက ကွဲပြားခြားနားသော ပုံသဏ္ဍန်မျိုးထက် တူညီသော လူမှုဘဝပုံစံမျိုးကို ပံစံသွင်းလိုသည်။ ပုဂ္ဂလ ရပိုင်ခွင့်များအပေါ်လည်း လွှမ်းမိုးချုပ်ချယ်ထားတတ်သည်။ဤခြားနားချက်များကို လိုက်၍ လူအဖွဲ့အစည်းများကို ပွင့်လင်းလူ့အဖွဲ့အစည်း(open society )နှင့် ပိတ်နှောင် လူ့အဖွဲ့အစည်း (closed society) ဟူ၍ ခွဲခြားသတ်မှတ်နိုင်သည်။ ယင်းအဖွဲ့အစည်း နှစ်ရပ်အနက် ပိတ်နှာင်လူ့အဖွဲ့အစည်းများက အကြွင်းမဲ့ဝါဒ(ဝါ) အကြွင်းမဲ့အာဏာပိုင်ဘဝ (Totalitarianism) ကို ကျင့်သုံးပြီး ပွင့်လင်းလူ့အဖွဲ့အစည်းများက ဗဟုဝါဒ( Pluralism) ကိုကျင့်သုံးကြပါသည်။ဤဆောင်းပါးတွင် ယင်းအဖွဲ့အစည်းနှစ်ရပ်၏ သဘောသဘာဝနျင့် ပညာရေးဖြစ်စဉ်များကို ခြုံငုံဆွေးနွေးသွားပါမည်။

အကြွင်းမဲ့ဝါဒီများက လူ့အဖွဲ့အစည်း၏ သဘောကို (organismic theory of society ) ရှု့ထောင့်မှ ဖွင့်ဆိုကြပါသည်။ ဆိုလိုသည်မှာ လူသားအား ဇီဝကမ္မပိုင်းဆိုင်ရာအင်္ဂါများဖြင့် တစ်ပေါင်းတစည်းတည်း ပေါင်းစည်းဖွဲ့စည်းထားသကဲ့သို့ လူ့အဖွဲ့အစည်းသည်လည်း ယင်းအဖွဲ့ဝင်လူသားများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယင်းသည် လူသားကိုယ် (Human Body)မှ လူမှုကိုယ် (Social Body) ကို နိဂုံးဆွဲယူထားခြင်းလည်းဖြစ်သည်။ လူသားကိုယ်၏ မျက်စိ၊နှာခေါင်း၊နား၊ခြေ ၊လက် အင်္ဂါများသည် လူသားကိုယ်နှင့် ခွဲခြားမရအောင်ပေါင်းစပ်လျှက်ရှိသည်။ယင်းအင်္ဂါ အစိတ်အပိုင်းများသည် လူသားကိုယ်အတွက် အရာရာဆောင်ရွက်ပေးခွင့်ရသော်လည်း ၎င်းတို့အနေဖြင့် လူသားတို့ကိုယ်မှ ခွဲခွာ၍ သီးခြားဆောင်ရွက်ပိုင်ခွင့် မရှိပေ။ ဇိဝကမ္မဖြစ်စဉ်တို့ကို အခြေပြုပြီး အကြွင်းမဲ့ဝါဒီတို့က လူမှုကိုယ်ကို တစ်ပေါင်းတစည်းတည်းအဖြစ် ရှုမြင်ကြသည်။ သူတို့သည် ပုဂ္ဂလလူသား၏ သီးခြားဖြစ်တည်မှုသဘော (Individual existence)နှင့် ၎င်းလူသားစွမ်းဆောင်ရည်ကို အသိအမှတ်မပြုပေ။လူသားသည် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်သာဖြစ်ပြီး အခြားမည်သည့်အရာမှမဟုတ်ပေ။ ယင်းကိုထင်ရှားစေရန်နှင့် အခြားလူမှုရေး၊ဘာသာရေး သင်းပင်းများနှင့် လူ့အဖွဲ့အစည်း (ဝါ) နိုင်ငံတော်တို့၏ ခြားနားမှုကို ရှင်းလင်းချင်ပါသေးသည်။

လူမှုရေး၊ဘာသာရေး အသင်းအပင်းများသည် အဖွဲ့ဝင်တို့၏ ဘုံရည်မှန်းချက်တစ်ခုခုအတွက် စုစည်းထားသော အဖွဲ့အစည်းများဖြစ်ပါသည်။လူသားတို့အနေဖြင့် ၎င်းတို့၏ စိတ်ပါဝင်စားမှုအရသာ အဖွဲ့ဝင်အဖြစ် ပူးပေါင်းဆောင်ရွက်ကြသည်။တခါတရံ အဖွဲ့ဝင်တို့အနေဖြင့် အဖွဲ့အစည်း၏ လုပ်ငန်းကိစ္စ အဝဝကို ပူးပေါင်းဆောင်ရွက်ရန်ပျက်ကွက်ကြသောအခါ အဖွဲ့၏ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များဝေဝါးမှေးမှိန်သွားပြီး ညီညွတ်မှုပျက်ပြားသည့် အခြေအနေ နှင့် ကြုံတွေ့ကြရပါသည်။ နိုင်ငံအဖွဲ့အစည်းမှာကား ထိုသို့မဟုတ်ပေ။ နိုင်ငံသားတို့သည် ကလေးငယ်ဘဝကပင် နိုင်ငံတော်အတွင်း မွေးဖွားကြီးပြင်းခဲ့ကြသည်။ယင်းကလေးငယ်သည် နိုင်ငံသားဘဝက လုံးဝမလွတ်မြှောက်နိုင်ပေ။သူ့ပုဂ္ဂလ သဘောဆောင်သော်လည်း နိုင်ငံသားသဘောအဖြစ်သာနေထိုင်ရမည် ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ ပုဂ္ဂလ ဆန်မှုကို ကန့်သတ်ထားပြီး နိုင်ငံ၏လုပ်ငန်းဆောင်တာအရပ်ရပ်ကို ပူးပေါင်းဆောင်ရွက်လျက် အစွမ်းပြည့်ဝသော နိုင်ငံသားကောင်းတစ်ယောက်အဖြစ်နေထိုင်ရန်သာဖြစ်သည်။ယင်းဝါဒီတို့သည် ပုဂ္ဂလ လူသားသီးခြားဖြစ်တည်မှုနှင့် စွမ်းဆောင်ရည် တို့ကို အသိအမှတ်မပြုပေ။နိုင်ငံရေးအရလည်း လူသားလွတ်လပ်မှုအပါအဝင် သဘာဝရပိုင်ခွင့်များကို ကန့်သတ်ထားပြီး နိုင်ငံတော်အား နာခံတတ်စေရန်သာ သွတ်သွင်း သင်ကြားပါသည်။ ယင်းအယူအဆကို ကွန်မြူနစ်၊ဖက်ဆစ် အာဏာရှင် စသော အဖွဲ့အစည်းများက လက်ခံကျင့်သုံးကြပါသည်။

ထို့ကြောင့် ယင်းဝါဒအောက်ရှိ ပညာရေးလက်တွေ့ လုပ်ငန်းများအနေဖြင့် များစွာကန့်သတ်ထားရမည်ကို အလွယ်တကူနားလည် နိုင်ပေသည်။ အကြွင်းမဲ့အာဏာပိုင် ဝါဒအောက်ရှိ ပညာရေးအစီအစဉ်များနှင့် တက္ကသိုလ်၊ ကောလိပ်၊ စာသင်ကျောင်းများ အားလုံးသည် အစိုးရ၏ ထိန်းသိမ်း(ကန့်သတ်ထိန်းချုပ်မှု)အောက်တွင်သာရှိနေပါသည်။ ပုဂ္ဂလကျောင်းများနှင့် ပညာရေးစောင့်ရှောက်မှု လုပ်ငန်းများသည် မိမိဘာသာစောင့်ရှောက်မှုလုပ်ငန်းများသည် မိမိဘာသာ သီးခြားရပ်တည်ခွင့် ၊စောင့်ရှောက်လှုပ်ရှားခွင့်မရှိပေ။ ပညာရေး ဒသ၁န ရှုထောင့်အရကြည့်သော် ရူးဆိုး(Rousseau) ၏ ပညာရေးသည် နိုင်ငံသားဖြစ်ဖို့ထပ် လူပီသစေဖို့သာ ဖြစ်သည် ဟူသော အယူအဆကို ဆန့်ကျင်ပြီး ဟေဂယ်(Hegel)၏ နိုင်ငံသားကောင်းပညာရေးကို မဆည်းပူးဘဲ ပြည့်မှီသော လူတစ်ယောက်မဖြစ်နိုင်”ဆိုသော အယူအဆပေါ်တွင် အခြေခံထားခြင်းလည်း ဖြစ်နိုင်သည်။ ယင်းနိုင်ငံသားကောင်းအယူအဆ ကို အစောပိုင်း အေသင် ဒဿန ပညာရှင် ပလေတို( Plato )၏ အယူအဆ များတွင် တွေ့ရှိနိုင်ပြီး သူက “လူသည် မိမိ၏ ပုဂ္ဂလအလိုဆန္ဒနှင့် စိတ်ခံစားမှုများကို ချိုးနှိမ်ပြီး နိုင်ငံသားဘဝ၊နိုင်ငံသားစိတ်ဓာတ်မျိုး ပျိုးထောင်ရမည်ဖြစ်ပါသည်။ သည့်အတွက် လူငယ် လူရွယ်များအား နိုင်ငံသားဘဝနှင့် သက်ဆိုင်သော အမူအကျင့်များကို လေ့ကျင့်သင်ကြာပေးရမည်”ဟု ဆိုပါသည်။ ယင်းအယူအဆအရ ပညာရေးဟူသည် နိုင်ငံသားတို့အား နိုင်ငံတော်က အလိုရှိသည့်အတိုင်း ပညာသင်ကြားစေခြင်းပင် ဖြစ်ပါသည်။

အကြွင်းမဲ့အာဏာပိုင်ဝါဒအောက်ရှိ ပညာရေးစနစ်အတွင်း ပုဂ္ဂလလူသား၏ အခန်းကဏ္ဍမှာ များစွာ အရေးမပါလှပေ။ ယင်းအဖွဲ့အစည်းတို့သည် လူတစ်ဦးချင်းစီထက် နိုင်ငံသားဘဝကို ပို၍ အလေးပေးသည်။ လူ့အဖွဲ့အစည်း(ဝါ) နိုင်ငံတော် ယင်း၏ ကိုယ်ပိုင်ဖြစ်သော ယဉ်ကျေးမှု၊ဘာသာတရား ၊ဘာသာစကား၊ စီးပွားရေး နယ်နမိတ်စသည့် အကန့်အသက်ပန်းတိုင်များရှိကြပါသည်။ ပညာရေးလုပ်ငန်းစဉ် သည် နိုင်ငံအဖွဲ့အစည်း၏ စံပြထားအပ်ရာ ပန်းတိုင်များသို့ရောက်ရှိစေရန် ထောက်ပံ့ပို့ဆောင်ပေးခြင်းမျိုး ဖြစ်ပါသည်။ ပုဂ္ဂလလူသားကမူ နိုင်ငံရည်မှန်းချက်ပန်းတိုင်များ သို့ ရောက်ရှိစေရန် ငြမ်းအဖြစ် အသုံးတော်ခံရန်သာဖြစ်ပါသည်။ ယင်းအခြေအနေအတွင်း လူသား၏ ကိုယ်ရည်ကိုယ်သွေး ဆိုသည်မှာ အကြွင်းမဲ့ ဝါဒပုံဖော်ပေးသည့်အတိုင်း ကြီးမားကျယ်ပြန့်သည့် လူ့ဘောင်လောကအတွင်း ကျပ်တည်းကျဉ်းမြောင်းစွာ နေထိုင်သွားရန်ပင် ဖြစ်သည်။

စင်စစ်မူ ၎င်းတို့သည် အများပြည်သူတို့ကို ကိုယ်စားမပြုဘဲ ကိုယ်ပိုင်အကျိုးစီပွားနှင့် ရည်မှန်းချက်များ အတွက် စုစည်းထားသော လူနည်းစုမျိုးသာဖြစ်သည်။ထိုသူတို့သည် အဖွဲ့ဝင်ပြည်သူတို့၏ လူမှုလွတ်လပ်မှု၊ နိုင်ငံရေးလွတ်လပ်မှုတို့ကို ထိန်းချုပ်ထားသကဲ့သို့ ပညာရေးလွတ်လပ်မှုတို့ကိုလည်း ကန့်သတ်ထားပါသည်။ ပညာရေး၏တန်ဖိုး နှုန်းစံများ၊အစီအမံများနှင့် ပတ်သတ်ပြီး လွတ်လပ်စွာဆွေးနွေးဆောင်ရွက်ခွင့် မရှိပေ။ ရှေ့တွင် ဖော်ပြထားသကဲ့သို့ တက္ကသိုလ်၊ကောလိပ်နှင့် စာသင်ကျောင်းများတွင် လည်း ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကျင့်သုံးခွင့်များမရှိပေ။ ဗဟိုအာဏာစက်၏ အစီအမံများကိုသာ ဖော်ဆောင်ရခြင်းဖြစ်သည်။ ဆရာ၊ဆရာမများသည်ပင် အထက်အဖွဲ့အစည်းအဆင့်ဆင့်က ချမှတ်ပေးလိုက်သော မူဝါဒ ဆုံးဖြတ်ချက်များကို ရှင်းလင်းရသူ၊ဝါဒဖြန့်ချိသူများသာ ဖြစ်လေသည်။

ယင်းအဖွဲ့အစည်းများ၏ ပညာရေး၊လွတ်လပ်ခွင့် ဆိုသည်မှာ အသိပညာနှင့် ပတ်သတ်ပြီး အဆုံးအစမဲ့ စည်းပူးလေ့လာနိုင်ခြင်း မဟုတ်ပေ။ ဉာဏ်ရည်ဉာဏ်သွေးပြည့်ဝပြီး မိမိကိုယ်မိမိ သိနားလည်သူများ ဖြစ်လာစေခြင်း မဟုတ်၊ပုဂ္ဂလလူသားအား လူမူအနှောင်အတည်းနှင့် ဝန်ထုပ်ဝန်ပိုးတို့မှ လွတ်မြှောက်စေခြင်းမဟုတ်။ နိုင်ငံ၏ အကျိုးစီးပွားလိုအပ်မှုအတွက် အစွမ်းကုန်ဖြည့်ဆည်းပေးရန်သာ ဖြစ်လေသည်။ လွတ်လပ်မှုဆိုသည်ကိုလည်း လူသားရပိုင်ခွင့်အဖြစ် တန်ဖိုးမထားဘဲ၊ နိုင်ငံနှင့် နိုင်ငံ့ အစိုးရ၏ အထူးအခွင့်အရေး အဖြစ်သာ သတ်မှတ်ထားပါသည်။ ဆိုလိုသည်မှာ နိုင်ငံတော်ကသာလျှင် လွတ်လပ်စွာ စီရင်ပြဌာန်းခွ င့် ရှိသည်။ လွတ်လပ်စွာ လွှမ်းမိုးချုပ်ချယ်ခွင့် ရှိသည်။ ပြည်သူပြည်သားတို့မှာကား မိမိတို့၏ ပုဂ္ဂလ လွတ်လပ်မှုကို အဆုံးရှုံးခံကြရသည်။ အကြွင်းမဲ့အာဏာပိုင် ဝါဒအောက်ရှိ ကျောင်းသင်ပညာနိငက် အမြင့်ဆုံး ကောင်းမြတ်မှုမှာ လူငယ်လူရွယ်များအား စည်းကမ်းသေဝပ်သော၊တာဝန်ကျေပွန်သော၊နိုင်ငံအတွက် စွန့်လွှတ်ရဲသော နိုင်ငံသားကောင်းများ ဖြစ်လာစေရန်ပင်ဖြစ်သည်။ သည့်အတွက် လူသား၏ အနာဂတ်ဘဝနှင့် ဖြစ်ခြေအသီးသီးတို့ ပျောက်ဆုံးနေသော အခြေအနေဟုဆိုနိုင်ပါသည်။ ယင်းသည် ကွန်မြူနစ်၊ဖက်ဆစ်နှင့် အခြားအာဏာရှင် နိုင်ငံများအတွက် များစွာ ကွဲပြားခြားနားမှု မရှိပေ။

ရေးသားသူ သူရိန်ထက်လင်း@ ဦးရဲထွဋ်
ဗဟုဝါဒ အကြွင်းမဲ့ဝါဒ နှင့်ပညာရေး
စံပါယ်ဖြူ မဂ္ဂဇင်းမှ